မိုးဗြဲမြို့ အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်

မိုးဗြဲမြို့ အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်
မိုးဗြဲမြို့ လက်ရှိ အခြေအနေ
မိုးဗြဲမြို့ လက်ရှိ အခြေအနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ဖွဲ့မှ နယ်မြေရှင်းလင်းချိန်တွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် ည ၄ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ပွဲကုန်း (၂) ရပ်ကွက် ခရစ်ယာန်ကျောင်း ဘောလုံးကွင်းထဲတွင် PDF တပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေးလုပ်ချိန်တွင် အရပ်သားတစ်ဦးက နောက်ကလိုက်ပါသွားပြီး မြေမြှုပ်မိုင်းနင်းမိခဲ့ကြောင်း သိရသည်။ထိုနေရာကို PDF တို့က အသွားအလာ ကန့်သတ်ထားသည့် နယ်မြေဖြစ်သည်။

“ဟုတ်တယ်။ PDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်နေတာ။ ပြည်သူတစ်ယောက်က နောက်ကနေ လိုက်လာပြီးတော့ မြေမြှုပ်မိုင်းနင်းမိသွားတာ။ အဲ့နေရာကို ကျနော်တို့ ကန့်သတ်ထားတယ်။ ပြည်သူတွေ မဝင်ဖို့ ပြောထားတယ်။ လိုက်ဝင်သွားလို့ နင်းမိသွားတာ” ဟု မိုးဗြဲမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ မြေမြှုပ်မိုင်းနင်းမိသူသည် အသက် (၅၀) ဝန်းကျင် အမျိုးသားဖြစ်ပြီး ခြေထောက်နဲ့ ဝမ်းဗိုက်နာ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံသို့ ဆေးကုသနေရကြောင်း သိရသည်။

လက်ရှိမှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာသောကြောင့် ဆေးကုသစရိတ် ခက်ခဲနေကြောင်း သိရသည်။

“အခုမှလည်း သိတဲ့အတိုင်း အကုန်လုံးက ဈေးတက်နေတယ်။ ပိုက်ဆံရှာရလည်း ခက်တယ်။ သူ့အတွက်တော့ ဆေးကုသ စရိတ်က ခက်ခဲနေတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် တိုက်ပွဲငြိမ်နေသဖြင့် ပြည်သူတစ်ချို့က နေရပ်ပြန်ပြီး ပစ္စည်းပြန်သယ်ယူနေကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲအကြားတွင် ပြည်သူများအနေဖြင့် လုံခြုံသည့်နေရာ နှင့် အပြင်ထွက်သွားလာဖို့ သတိထားရန် PDF တပ်ဖွဲ့က တောင်းဆိုသည်။

မိုးဗြဲမြို့တွင် ၅ ရက်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြား ပြည်သူနေအိမ် ၁၀၀ အထက် ပျက်စီးနေပြီးဖြစ်ကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...