နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ

နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ
နားဟိုင်းလုံ ကျေးရွာ
နားဟိုင်းလုံ ကျေးရွာ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရေ ၊ သဲ မြှုပ်နေသော နေအိမ်များကို ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ယူ လျော်ကြေးပေးမှုမရှိသေးကြောင်း သိရသည်။

နားဟိုင်းလုံကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူနေအိမ်များတချို့ ရေမြှုပ်သွားပြီး၊ တချို့နေအိမ်များသည် သဲမြှုပ်နေကြောင်း သိရသည်။

အဆိုပါ ရေကြီးမှုကြောင့် နားဟိုင်းလုံကျေးရွာသည် နေအိမ် စုစုပေါင်း ၃၀ ကျော် ရေကြီးပြီး လက်ရှိမှာ နေအိမ် (၃) လုံးက သဲဝင်နေပြီး နေထိုင်လို့ မရသေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုထိ အိမ် (၃) လုံးက ဝင်နေလို့ မရသေးဘူး။ သဲတွေဝင်ကုန်တာ။ အခုထိက အိမ်ထဲ သဲတွေ ရွှံ့တွေ ရှိနေသေးတယ်။ ကုမ္ပဏီဘက်ကလည်း တာဝန်ယူ ဖြေရှင်းပေးတာမရှိသေးဘူး။ လျော်ကြေးတွေလည်း ဘာမှ မပေးသေးဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ နေအိမ် (၃) လုံးက ပြည်သူများသည် လက်ရှိအချိန် ဆွေမျိုး မိတ်ဆွေအိမ်တွင် သွားရောက်နေထိုင်နေရကြောင်း သိရသည်။

ထိုအပြင် ရေကြီးပြီးနောက်ပိုင်း ကုမ္ပဏီများဘက်မှ ရေဝင်သွားသည့် နေအိမ်တချို့ကို လျော်ကြေးအနည်းငယ်ပေး သော်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ပြည်သူများ၊ စားဝတ်နေရေး ခက်ခဲသောကြောင့် ကုမ္ပဏီဘက်မှ လျော်ကြေးလာပေးမည်ကို စောင့်မျှော်နေကြသည်။

“ ကျနော်တို့ ကျေးရွာဒေသခံတွေကတော့ မျှော်လင့်တာပေါ့။ ဟိုတုန်းကတော့ လာပေးသွားလည်း နည်းနည်းပဲလာ ပေးသွားတာ။ လုံလောက်မှုမရှိဘူးလေ။ ထိခိုက် နစ်နာမှုကလည်း အိမ်တိုင်းက မတူဘူးလေ။ သူတို့က ဒီတိုင်းကြည့် ပြီးတော့ပဲ ပေးချင်သလောက်ပေးသွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နားဟိုင်းလုံကျေးရွာသည် ရေကြီးမှုကြောင့် ပြည်သူများ၏ နေအိမ်ထဲ ရေဝင်ပြီး အိမ်သုံးပစ္စည်းများလည်း အများပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နားဟိုင်းလုံကျေးရွာသည် ရွှေတူးဖော်မှုကစပြီး နှစ်စဉ်ရေကြီးမှုဖြစ်သည့်အပြင် သဲများ နေအိမ်ထဲ ဝင်လာသော်လည်း ကုမ္ပဏီဘက်မှ လာ၍ကူပေးခြင်းလည်း မရှိသေးပေ။

၂၀၁၆ ခုနှစ်မှစတင်ပြီး နားဟိုင်းလုံကျေးရွာသည် ရေကြီးလာပြီး တစ်နှစ်ထက်တစ်နှစ် ရေကြီးမှုမှာ ပိုဆိုးလာပြီး ပြည်သူများ နေရာသစ်ပြောင်းရွှေ့ရန် အတွက် ခက်ခဲနေသေးသဖြင့် ထိုနေရာတွင်သာ ဆက်လက်နေထိုင်ရကြောင်း သိရသည်။

ကုမ္ပဏီဘက်မှ ကူညီပေးသော်လည်း အနည်းငယ်သာရသောကြောင့် နေရာသစ်သို့ ပြောင်းရွှေ့ရန် အတွက် မြေကွက်ဝယ်ယူရာအတွက်လည်း မလုံလောက်ကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...