သျှမ်းနီ စာ/ယဥ် အရေး လှုပ်ရှားသည့် ဆရာတော်တစ်ပါး အသတ်ခံရ

သျှမ်းနီ စာ/ယဥ် အရေး လှုပ်ရှားသည့် ဆရာတော်တစ်ပါး အသတ်ခံရ
အသတ်ခံရသည့် သျှမ်းနီဆရာတော်
အသတ်ခံရသည့် သျှမ်းနီဆရာတော်

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီ စာပေ နှင့် ယဥ်ကျေးမှုအရေး ဆောင်ရွက်သည့် ဆရာတော်တစ်ပါးကို (KIA+PDF) တို့ဖမ်းဆီးပြီး အသတ်ခံလိုက်ရကြောင်းသိရသည်။

ဗန်းမောက်မြို့နယ်ရှိ နောင်ပတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဂန္ဓမာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် KIA+PDF တို့မှ လက်နက်ကိုင်ဆောင်ပြီး ကျောင်းဝန်းအတွင်းထိ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် Dead Body ဓါတ်ပုံများကို တွေ့ရှိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၄ ရက်နေ့မှာ လာဖမ်းသွားတယ်၊ ကျောင်းဝန်းအတွင်းထဲမှာပဲ ညနေပိုင်းလောက်မှာ လာဖမ်းသွားတာ၊ လာဖမ်း တုန်းကသင်္ကန်းဝတ်နဲ့ ဆိုပေမဲ့ ရွာပြင်ထိပ်နားမှာ ရိုက်နှက်ပြီးတော့ လူဝတ်လှဲခိုင်းတယ်၊ အဲ့နောက် ၅ ရက်နေ့မှာ Dead Body ပြန်တွေ့ရတော့တာပဲ” ဟု သျှမ်းနီအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆရာတော်ကို လာဖမ်းသည့် လက်နက်ကိုင်တပ်ဖွဲ့အင်အားသည် ၁၀ ဦးကျော်ရှိနေပြီး သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြကြောင်းလည်း မျက်မြင်ဒေသခံများက ပြောသည်။

ဖမ်းဆီးမှု မတိုင်ခင် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်တွင် KIA စစ်ဝတ်စုံဝတ် စစ်သား နှင့် ခွပ်ဒေါင်း တံဆိပ်ပါ စစ်ဝတ်စုံ ဝတ်သည့် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့သည် နောင်ပတ်ဘုန်းကြီးကျောင်း ဇရပ်တွင် လာရောက် စခန်းချရာ ဆရာတော်မှ ဥပုလ်နေ့ရှိသည့်အတွက် ဖယ်ရှားကြရန် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

“စက်တင်ဘာလ ၂ ရက်က ဥပုလ်နေ့ဖြစ်တယ်၊ အဲ့ကြောင့် စက်တင်ဘာလ ၁ ရက်မှာ အဲ့ဇရပ်မှာစခန်းချ နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ဆရာတော်က ဖယ်ပေးဖို့ပြောခဲ့တယ်၊ သူတို့လည်း ဖယ်သွားပါတယ်။ ၄ ရက်နေ့ မှာကျတော့ ဆရာတော်ကို လာဖမ်းကြတာပဲ၊ KIA+ PDF တွေက လာဖမ်းတာလို့ မျက်မြင်ရှိတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အသတ်ခံရသည့် သျှမ်းနီစာပေယဥ်ကျေးမှုအရေး လှုပ်ရှားသူ ဆရာတော်၏ ရုပ်အလောင်းကို နောင်ပတ်ကျေးရွာ နှင့် ၁၀ မိုင်ခန့်ဝေးသည့် နန့်ဆကျေးရွာအနီးတွင် မြေမြှုပ်ထားကြောင်း KIA+PDF က ဖမ်းဆီးသတ်လိုကသည် ဟု ဒေသခံများက ပြောဆိုထားခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ KIA တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဆရာတော် ဦးဂန္ဓမာသည် သျှမ်းနီစာပေသင်တန်းများ၊ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်း များ မကြာခဏ ပြုလုပ် ပေးလျက်ရှိသည့်အပြင် သျှမ်းပြည်အနှံ့ ခရီးထွက်ပြီး အသိပညာများ မျှဝေပေးလေ့ ရှိသည့်အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သျှမ်းနီသံဃာတော်များ သမဂ္ဂတွင်လည်း ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ အတွင်းရေးမှူးတာဝန် ယူထားသူလည်း ဖြစ်သည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...