နမ့်စန်မြို့ မီတာခ ၃ ဆ ပိုပေးဆောင်နေရ

နမ့်စန်မြို့ မီတာခ ၃ ဆ ပိုပေးဆောင်နေရ
နမ့်စန်မြို့ တွင်း တစ်နေရာ
နမ့်စန်မြို့ တွင်း တစ်နေရာ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မီးများပုံမှန်လာခြင်းမရှိဘဲ EPC ရုံးကို လစဉ်ကြေးမီတာခ  ၃ဆ ပိုပေးဆောင် နေရ ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီးများ ပုံမှန်လာခြင်းမရှိသည့်အပြင် လစဉ်ကြေး မီတာခများကို EPC ရုံးက ကောက်ယူခဲ့ပြီး ယခင်က တစ်လကို (၅,၀၀၀) ကျပ် ကောက်ယူသော်လည်း သြဂုတ်လမှစ၍ မီတာခ တစ်လလျှင် (၃) ဆ ပို ကောက်နေကြောင်း နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်တိုင်းတိုးကောက်ပါတယ်။ ခါတိုင်း (၅,၀၀၀) ကျပ် ကျရင် အခု (၂၀,၀၀၀) ကျော်အထိ ပေးနေရတယ်။ မီးလာတဲ့ချိန်က ထမင်းဟင်းချက်ဖို့ မပြောနဲ့ ဖုန်းအားသွင်းရင်တောင် မပြည့်တော့ဘူးဗျ။ လာကောက်တဲ့သူကို မေးတော့ အထက်လူက ကောက်ခိုင်းတယ် လို့ပြောတယ် “ ဟု ၎င်း အမျိုးသားတစ်ဦး ပြောသည်။

ယခုရက်ပိုင်းတွင် မီးလာချိန်တစ်နေ့လျှင် ပျှမ်းမျှ (၄) နာရီသာလာပြီး၊ ပြည်သူများက လျှပ်စစ်မီးများကို အပြည့်အဝ မသုံးရကာ မီတာခများကို ပို့ဆောင်နေရသဖြင့် စားဝတ်နေရေးအတွက် ပိုခက်ခဲလာကြောင်း နမ့်စန်ဒေသခံ အိမ်ရှင်မ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မီးကလည်း ပုံမှန်မလာပေးဘူး။ လကုန်ရင်တော့ မီတာခ ပုံမှန်လာကောက်နေတယ်။ အခု ကုန်ပစ္စည်း ဈေးနှုန်းမြင့်တက်ချိန်မှာ ပြည်သူတွေ ဒုက္ခရောက်နေတယ်။ အခုက ပိုကောက်ခံနေတော့ ပိုဒုက္ခရောက်တာပေါ့ “ ဟု ၎င်း အိမ်ရှင်မတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင်လည်း မီးမကြာခဏ ပြတ်လပ်မှုရှိနေသောကြောင့် မီးဖိုချောင်သုံး Gas များကိုသာ ပိုအသုံးပြုနေရကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...