သံဖြူဇရပ်-ရေးကားလမ်းပေါ်တွင် မြန် မာ စစ်တပ် ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သား ၈ ဦးကို ကရင်KNLA ပူး ပေါင်းအဖွဲ့ဖမ်းမိ

သံဖြူဇရပ်-ရေးကားလမ်းပေါ်တွင် မြန် မာ စစ်တပ် ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သား ၈ ဦးကို ကရင်KNLA ပူး ပေါင်းအဖွဲ့ဖမ်းမိ

သံဖြူဇရပ် မြို့နယ် အခြေစိုက် အမှတ်  (၄) တပ်မတော် တန်းမြှင့် လေ့ကျင့်ရေး ကျောင်း (ဝဲကလိ) မှ ရေးမြို့တပ်ရင်းသို့ အရပ်ဝတ်အိမ်စီးကားဖြင့် ပြန်လာသည့် မြန်မာစစ်တပ် ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သား ၈ ဦးတို့ကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိကြောင်း သိရ သည်။

သံဖြူဇရပ်နှင့် ရေးမြို့နယ်အဝေးပြေးကားမပေါ်တွင် စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က လုံခြုံရေးဆောင်ရွက်နေသည့် KNLA နှင့် တောင်ညိုစစ်ကြောင်းတို့က စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း အမည်ဖော်ပြခွင့်မရှိသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

အဆိုပါအုပ်ချုပ်ရေးမှူးက "ဝဲကလိကနေ ပြန်လာတဲ့ သူတို့အဖွဲ့က သူတို့မှာ ဘာမှမပါတော့ အဖမ်းခံရတာပေါ့။ အဲကားလမ်းပေါ် ကရင်စစ်သားတွေစစ်နေတဲ့ အချိန်မှာ အရပ်ကားနဲ့ စစ်သေတ္တာနဲ့ဆိုတော့မိသွားပြီး ဖမ်းသွားတာပေါ့" ဟု ပြောသည်။

၄င်းတို့စီးနင်းလိုက်ပါလာသည့် အရပ်သားအိမ်စီးကား နှင့်အတူ ၄င်းတို့၏အသုံးအဆောင်ပစ္စည်းများနှင့် သေတ္တာ များကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

ရေးမြို့အခြေစိုက် ခမရ ၃၄၃ မှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် တပ်သား ၄ ဦးနှင့် ခလရ ၆၁ မှ တပ်သား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း စုံစမ်းသိရှိရသည်။

သို့ရာတွင် အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မွန်သတင်းအေဂျင်စီအနေဖြင့်အတည်ပြုနိုင်ခြင်း မရှိသေးပါ။

လမ်းခရီးမိုင် ၅၀ ခန့်အကွာအဝေးရှိသည့် သံဖြူဇရပ်-ရေးကားလမ်းမကြီး၏အရှေ့ဖက်ခြမ်း၌ ကရင်ကျေးရွာများနှင့် အနောက်ဖက်ခြမ်းတွင် မွန်ကျေးရွာများတည်ရှိနေသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...