ဟင်္သာတ တွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲ။ ၃ ဦးသေ ၁ ဦး ဒဏ်ရာရ

ဟင်္သာတ တွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲ။ ၃ ဦးသေ ၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် အတွင်း နှစ်ရက်ဆက်တိုက် ဗုံးပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဟင်္သာတမြို့နယ် တလုတ်ထော်မြို့ ဟင်္သာတ-ကြံခင်းလမ်းမပေါ်ရှိ ထွေအုပ်ရုံးနှင့် တိုက်နယ်ဆေးရုံကြားက ဈေး ဆိုင်နှင့် ဒူးယားမြို့၊ လက်ပံစုကျေးရွာလမ်းတို့တွင် နှစ်ရက်တိုက် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ဦးတင်ဆိုတဲ့သူက ထွေအုပ်ရုံးရှေ့က အထုပ်တစ်ထုပ်ကို ကောက်လာပြီး သူ့ဆိုင်ထဲမှာ ဖွင့်ကြည့်တယ်လေ အဲ့ဒါ မှာ ထပေါက်တာ။ သူနဲ့မနီးမဝေးမှာ ရှိနေတဲ့ မသန်းသန်းဌေးက နည်းနည်းထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က ဟင်္သာတမြို့နယ် တလုတ်ထော်မြို့ ဟင်္သာတ-ကြံခင်း လမ်းမ ပေါ်ရှိထွေအုပ်ရုံးနှင့် တိုက်နယ်ဆေးရုံကြား ဈေးဆိုင်တွင်ဗုံးပေါက်ကွဲခဲ့ရာ အဆိုပါ ပေါက်ကွဲမှုအတွင်း အသက် ၈၀ အရွယ်ရှိသူ ဦးတင်ဦး ဆိုသူ သေဆုံးကာ အသက် ၃၅ နှစ်အရွယ် ဒေါ်သန်းသန်းဌေးမှာ ယာဘက် ခြေထောက် နှင့် ကျောကုန်းတို့တွင် ဒဏ်ရာ အနည်းငယ်ရရှိသွားခြင်း ဖြစ်သည်။

အလားတူး ဩဂုတ်လ ၂၀ ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်တွင် ဟင်္သာတမြို့နယ်၊ ဒူးယားမြို့နှင် လက်ပံစု ကျေးရွာ အနီးလမ်းတွင် အသက် ၃၀ ခန့်အရွယ်ရှိသူ လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့နှစ်ဦး သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်ထံ မှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုများနှင့် ပတ်သက်၍ “ရဲတပ်ဖွဲ့ဘက်တော့ လက်လုပ်ဗုံးတွေ ပေါက်ကွဲတာလို့ ပြောတယ်။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့က လုပ်တယ်လို့ တော့ ထုတ်မပြောဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟင်္သာတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ၂ ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသတွင်းရှိ စစ်အာ ဏာရှင် တော်လှန်ရေး အင်အားစုများဘက်ကလည်း တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...