တောင်ကြီးမြို့တွင်း ယာဉ်ထိန်းရဲ နှင့် ရဲများ စစ်ဆေးရေးတင်းကြပ်နေ

တောင်ကြီးမြို့တွင်း ယာဉ်ထိန်းရဲ နှင့် ရဲများ စစ်ဆေးရေးတင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကမ္ဘာဇဘဏ် (၁) နှင့် မြို့ဝင် မြို့ ထွက်နေရာများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် ယာဉ်ထိန်းရဲများ စစ်ဆေးမှု တင်းကြပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ ဩဂုတ် ၂၂ ရက်နေ့တွင် ဗိုလ်ချုပ်လမ်းပေါ် နှင့် မြို့ဝင်၊ ထွက်၊ အရှေ့မြို့ပတ်လမ်းတွင် ယာဉ်ထိန်းရဲများက ဆိုင်ကယ်လိုင်စင်၊ ဦးထုတ်၊ နံပါတ်ပြားများကို စစ်ဆေးပြီး ဖမ်းဆီးထားကြောင်းသိရသည်။

“ သူတို့က အဓိက ဆိုင်ကယ်တွေကို စစ်ဆေးနေတာ။ မြို့ထဲကော၊ ကမ္ဘောဇဘဏ် နဲ့ မြို့ဝင်မြို့ထွက်တွေ စစ်ဆေးနေတယ်။ ယာဉ်မောင်းလိုင်စင်တွေ၊ ဦးထုတ်တွေ၊ နံပါတ်ပြားတွေကို စစ်ဆေးပြီးဖမ်းနေတာ။ ဖမ်းခံရတဲ့သူလည်း အများကြီး ရှိနေတယ်” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ ယခုကဲ့သို့ စစ်ဆေးမှုတင်းကြပ်နေခြင်းသည် လုပ်စားမှု တရပ်ဖြစ်ကြောင်း၊ ဝင်ငွေရှာနေသည့် နည်းလမ်းဖြစ်ကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

“ အရင်ကတော့ သူတို့စစ်တော့စစ်တယ်။ ဒီနေ့တော့ ပိုစစ်ဆေးတာပေါ့။ ဖမ်းခံရတဲ့သူလည်း များတယ်။ သူတို့သပ်သပ်လုပ်စားနေတာပါ။ ဒီနေ့က ရဲကော၊ ယာဉ်ထိန်းရဲကော ၊ ကားကောပါတယ်။ ဘာတွေရှိလို့ အဲ့လောက်စစ်ဆေးနေလဲတော့ မသိဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ်သည် လူစုလူဝေးပြုလုပ်ခြင်း၊ လူ ၅ ဦး ထပ်ပိုစုခြင်း ၊ ညအပြင်မထွက်ရ အမိန့် ပုဒ်မ (၁၄၄) ကို ထုတ်ပြန်ထားသည့် မြို့ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လမ်းသွားလမ်းလာများကို စစ်ကောင်စီက ပိုစစ်ဆေးမှု ပြုလုပ်လာသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...