ကန့်ကွက်သည့်လူနည်းစု၏ အကျိုးစီးပွားကိုလည်း ကြည့်ရမည်ဟု မွန်ကြီးချုပ်ပြော

ကန့်ကွက်သည့်လူနည်းစု၏ အကျိုးစီးပွားကိုလည်း ကြည့်ရမည်ဟု မွန်ကြီးချုပ်ပြော
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မိန့်ခွန်းတက်ရောက်ပြောကြားစဉ်(MNA)
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မိန့်ခွန်းတက်ရောက်ပြောကြားစဉ်(MNA)
မော်လမြိုင်ဘိလပ်မြေစက်ရုံ  MCL ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်ရေး အစီရင်ခံအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် သြဂုတ်လ (၁၇) ရက်နေ့၌ အများပြည်သူလူထုကို ရှင်းလင်းခဲ့ရာ လူအများစုက ထောက်ခံသော်လည်း ကန့်ကွက်သည့် လူအနည်းစု၏ အကျိုးစီးပွားကိုလည်း ကြည့်ရမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က “တဖက်နဲ့ တဖက် အယူဝါဒတခု၊ ခံယူချက်တခုကို လုံးဝမလွှတ်ဘူး ဆုပ်ကိုင်ထားမယ်ဆိုလို့ ရှိရင်တာ့ ဒီမိုကရေစီမ ဟုတ်ဘူး။ ဒီမိုကရေစီဆိုတာက အများစုရဲ့ ဆန္ဒကိုလေး စားရသလို အနည်းစုရဲ့အခွင့်ရေးကိုလည်း ကျွန်တော်တို့ ကာကွယ်ပေးရမှာဖြစ်ပါတယ်။ လူတစ်ရာမှာ ရှစ်ဆယ်က ထောက်ခံမယ်၊ နှစ်ဆယ်ကကန့်ကွက်မယ်ဆိုရင်လည်း နှစ်ဆယ်ရဲ့အကျိုးစီးပွားကို ကြည့်ရမှာ ဖြစ်ပါတယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မော်လမြိုင်ဘိလပ်မြေရုံမှ ကျောက်မီးသွေးသုံးလျှပ်စွမ်းအင်နှင့်ပတ်သတ်ပြီး ဆန့်ကျင်ကန့်ကွက်မှု များကိုလည်း လက်ခံရရှိထားကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

ရှင်းလင်းပွဲတက်ရောက်သူ နို်င်ရဲဇော်က “ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်သူတွေ စကားတစ်ခွန်းမှ မပြောဘူး။ ကျွန်တော်တို့ကို ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ရောက်ရှိလာတဲ့ ဒီကျောက်မီးသွေးဓါတ်အား ပေးစက်ရုံ (၂) ရုံ ကိစ္စကိုပဲ ကျွန်တော်တို့ Complain လုပ်တယ်” ဟု ဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်စွမ်းအင်အသုံးပြုမှုကို ပွင့်လင်းမြင်သာစွာချပြခဲ့ခြင်းမရှိဘဲ စက်ရုံလည်ပတ်မှသာ ကျောက်မီး သွေးသုံးစွဲနေသည်ကို ဒေသခံပြည်သူများသိရှိခဲ့ရသည်ဟု နိုင်ရဲဇော်က ဆက်ပြောသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) စက်ရုံလည်ပတ်ရန်အတွက် ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ်နှင့် စက်ရုံမှစွန့်ပစ်လေပူ Waste Heat Generator (WHG) မှတဆင့် ၉ မဂ္ဂါဝပ်ကို ထုတ်ယူသုံးစွဲလျက်ရှိသည်ဟု သိရသည်။

သို့ရာတွင် ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိသေးဘဲ ၄၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေသည့်အတွက် မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာရေးရာကော်မတီမှမော်လမြိုင်ဘိလပ်မြေ စက်ရုံ MCL အား  အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...