ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် မြေပြိုကျမှုဖြစ်ပွားပြီး နေအိမ် ၆ လုံး ပျက်စီး

ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် မြေပြိုကျမှုဖြစ်ပွားပြီး နေအိမ် ၆ လုံး ပျက်စီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် ဩဂုတ်လ ၁၇ ရက် နံနက်(၂)နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျလာပြီး နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ချောင်းဆုံမြို့နယ် ကလော့ကျေးရွာ ကလော့တောင်စောင်းမြေနံရံ ပြိုကျမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး ၁ လုံးနှင့် နေအိမ် ၄ လုံး ပျက်စီးသွားကြောင်း သိရသည်။

"အပြိုင်ကျေးရွာမှာ မနေ့က မြေပြိုတယ်။ ဒီမနက်လည်း ထပ်ပြိုတယ်။ ကလော့နဲ့ အပြိုင်ရွာက တောင်ခြေမှာ ဖြစ်နေတော့ မိုးများတိုင်း မြေပြိုနေကြပါပဲ။ လူထိခိုက်ဒဏ်ရာမရှိပါဘူး" ဟု ၎င်းက ပြောသည်။

အလားတူ ကဒါကျေးရွာတွင် မြေပြိုကျမှုကြောင့် လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အတူ ကွမ်းရိုက်ကျေးရွာ ဝေဠုဝန်ကျောင်း အနောက်တောင်နံရံတွင်လည်း မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသည့် မိသားစုဝင်များကို ဘေးလွတ်ရာသို့ ယာယီ ပြောင်းရွှေ့နေထိုင်ရေးစီစဉ်ဆောင်ရွက်ထားကြောင်း အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ၄၀၀ ကျော်ခန့်ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၁၆ ရက်ကလည်း ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်၍ လူနေအိမ် ၁၀ လုံးနှင့် ဆေးပေးခန်း ပျက်စီးမှုများလည်း ရှိခဲ့သည်။

August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...