ဝက်လက် ပြည်သူ့ ကာကွယ်ရေးက စစ်ကောင်စီ တပ်စွဲထားသည့် နေရာအား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်

ဝက်လက် ပြည်သူ့ ကာကွယ်ရေးက စစ်ကောင်စီ တပ်စွဲထားသည့် နေရာအား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ရွာသာယာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွှဲ ၂ နာရီခွဲအချိန်ခန့်က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဝက်လက် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“သူတို့ရွာက ပျူရွာပါ၊ အနီးအနား ရွာကလူတွေကို သင်တန်းပေးတယ်။ ပြီးတော့ တခြားရွာက စက်လှေတွေ သိမ်းပြီး ပိုက်ဆံတောင်းတယ်။ အိမ်တွေဖြိုဖျက်တယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဗိုလ်ကျားကြီး က ပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှု အခြေအနေများကို အတိအကျ မသိရသေး ဘူးဟု ဆိုသည်။

ရွာသာယာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စွဲထားပြီး ရွာသူရွာသားများကလည်း ပျူစောထီး သင်တန်းဆင်းများ ဖြစ်ကြသည်ဟု ဗိုလ်ကျားကြီးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို ဒရုန်းဖြင့် ဗုံးကြဲခံရပြီးနောက် ကြက်တူရွေးကျေးရွာ က စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီးဖြင့် ငါးချက်ခန့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ကျားကြီး အဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးဟု ဗိုလ်ကျားကြီး က ပြောသည်။

ရွာသာယာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးကြဲတိုက်ခိုက်မှုကို Bo Tiger ဗိုလ်ကျား ကြီးအဖွဲ့၊ တောကြီးမြွေပွေးအဖွဲ့၊ GZ နှင့် Banger အဖွဲ့ လေးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဗိုလ်ကျားကြီးက ဆိုသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...