ရိုဟင်ဂျာ ၂၇ ဦးကို နိုင်ငံသား အထောက်အထားမရှိသဖြင့် ထောင်ဒဏ်ချ

ရိုဟင်ဂျာ ၂၇ ဦးကို နိုင်ငံသား အထောက်အထားမရှိသဖြင့် ထောင်ဒဏ်ချ

အသက်မပြည့်သေး သူ ၅ ဦး အပါအဝင် ရိုဟင်ဂျာ ၂၇ ဦး ကို မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တရားရုံးမှ နိုင်ငံသားအထောက်အထားမဲ့ဟု ဆိုကာ ထောင်ဒဏ် ၂ နှစ်စီ ချလိုက်သည်ဟု တရားရုံး အသိုင်းအဝန်းထံမှ သိရ သည်။

အသက်မပြည့်သေးသူ ၅ ဦး ကို မန္တလေး လူငယ်ထိန်းသိမ်း စောင့်ရှောက်ရေးကျောင်းကို ပို့မည်ဟု သိရပြီး ကျန် ရိုဟင်ဂျာ အမျိုးသား ၂၂ ဦး ကို သရက်အကျဉ်းထောင်သို့ပို့မည်ဟု တရားရုံးအသိုင်းအဝန်းထံမှ သိရသည်။

ယခု ထောင်ဒဏ်ချခံလိုက်ရ သူများသည် ရခိုင်ရိုးမကို တောလမ်းအတိုင်း ဖြတ်ကျော်လာခဲ့သူများ ဖြစ်ပြီး လူကုန် ကူးသည့် ပွဲစားများက စွန့်ပစ်ထား၍ သြဂုတ်လ ၇ ရက်နေ့ နှင့် ၈ ရက်က ဖမ်းမိထားခဲ့သူများ ဖြစ်သည် ဟု သိရ သည်။

ပြစ်ဒဏ်ချ ခံလိုက်ရသူများသည် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ စစ်တွေနှင့် မောင်တောမြို့နယ် တို့က ရိုဟင် ဂျာများ ဖြစ်ပြီး မြန်မာစာကို ရေးတတ်ဖတ်တတ်ကြသည် ဟု ဆိုသည်။

”လမ်းမှာ ဘယ်လောက်ကြာတယ်တော့ မသိဘူး။ ထမင်းလာ တောင်းတော့ သူတို့ကို ရိုက်မယ့် သတ်မယ့် လူတွေ ဆီ မပို့ပါနဲ့။ ရဲစခန်း ပို့ချင်ပို့ပါလို့ ပြောတယ်။ စကားဝဲတော့ မနည်း နားထောင်ရတယ်” ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦး က ပြောသည်။

ရခိုင်ရိုးမကို တောလမ်းအတိုင်း ကိုယ်ရိက္ခာကိုယ် ထမ်းကာ ခရီးရှည်ကို ကျော်ဖြတ်လာသည့် ရိုဟင်ဂျာများသည် မင်းတုန်း၊ မင်းလှ၊ ကံမမြို့နယ်တို့တွင် မကြာခဏတွေ့ရှိပြီး ဖမ်းဆီးခံနေကြရသည်ဟု သိရသည်။

ထိုသို့ ဖမ်းဆီးခံရမှုများ ဆက်တိုက် ရှိနေသော်လည်း အထောက်အထားမဲ့ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် အတွင်း အလုပ်အကိုင်အခက်အခဲများကြောင့် နောက်ထပ်လည်း ဝင်လာနေမှု ရှိနေသည်ဟု ဒေသခံများက ပြော သည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...