တာချီလိတ်မြို့ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ

တာချီလိတ်မြို့ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ

မြန်မာ – ထိုင်း နယ်စပ်ဖြစ်တဲ့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တောင်ပေါ်ရေကျချောင်းများကြောင့် အဆမတန်ရေကြီးရေလျှံမှုဖြစ်ပွားပြီး တမြို့လုံးနီးပါး ပျက်စီးဆုံးရှုံးမှုများကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုကို ကြုံတွေ့နေရပြီး နေအိမ်အောက်ထပ်၏ ပစ္စည်းများ၊ တာလော့ဈေး နှင့် ဆန်ဆိုင်းဈေးတွင် ဈေးသည်များ၏ သိုလှောင်ထားသော ပစ္စည်းများ ရေထဲတွင်မျောပါသွားပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း တာချီလိတ်မှ ကိုလှမိုး ပရဟိတအသင်းထံမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့ရပ်ကွက်တွေမှာ ရေကြီးတော့ အခန်းထဲမှာပိတ်မိနေတဲ့ သူတွေ အစားအသောက်မရှိဘူး။ ကျနော်တို့ အဖွဲ့ကကူညီရတယ်။ တချို့ဈေးအရောင်းဆိုင်တွေ၊ ပစ္စည်းလှောင်ထားတဲ့သူတွေတော့ ပျက်စီးဆုံးရှုံးမှု များတယ်။ မိုးတအားရွာလို့ တောင်ပေါ်က တောင်ကျရေတွေကော၊ မြို့ထဲမှာလည်းရွာတော့ ရေတွေက တအားများတာကြောင့် ဒီတစ်ကြိမ်ရေတအားကြီးတယ် “ ဟု ၎င်းပရဟိတ အသင်းထံမှသိရသည်။

အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ရေများကျသွားပြီဖြစ်သော်လည်း တချို့အနိမ့်ပိုင်းရှိ ရပ်ကွက်တွင် ရေအနည်းငယ်သာ ကျန်ရစ်နေသေးကြောင်း ၎င်းမှ ဆက်ပြောသည်။

“အကုန်အခြေနေကောင်းသွားပြီ။ ရေတွေကျသွားတော့ ရွံ့ ၊ နုန်း တွေတော့ အိမ်အောက်မှာ လမ်းတွေမှာ အများကြီးပဲ။ ဒီနေ့လောက်ဆို တချို့ရပ်ကွက်မှာ ဖြတ်တောက်မီးတွေ ပြန်ပြီးလွှတ်ပြီ။ လမ်းတွေဘာတွေကအစ သန့်ရှင်းရေး အကုန်လုပ်ပြီးပြီ “ ဟု ၎င်း ပရဟိတအသင်းမှ ထပ်လောင်းပြောသည်။

ထို့အပြင် တာချီလိတ်မြို့တွင် တောင်ကျရေများကြောင့် အဆမတန် ရေကြီးရေလျှံ ထပ်မံဖြစ်ပွားမှုကို စိုးရိမ်နေကြောင်း တာချီလိတ်မြို့ တာလော့စျေးတွင် ဆိုင်ဖွင့်ထားသည့် အမျိုးသမီးက ပြောသည်။

“ မိုးကအဆက်မပြတ်ရွာရင် ရေတွေကအတော်ကို တက်တယ်။ ပစ္စည်းတွေ အကုန်လုံးပဲ ရေထဲမျောပါ သွားတယ်။ နောက်ထပ် ဒီလိုရေကြီးမှုဖြစ်မှာကို စိုးရိမ်နေတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

သြဂုတ် ၈ ရက် ညနေ ၃ နာရီခွဲတွင် ဆေးခမ်းရပ်ကွက် ဦးထွန်းအောင် တံတားအနီး ကားတစ်စီးသည် ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး ရေနှစ်သေဆုံးခဲ့ကြောင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...