သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

သတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

ကျောင်းထိုင်ဆရာတော် အပါအဝင် ရွာသူရွာသားများကို သတင်းပေးခဲ့သူဟု စွပ်စွဲ ခံရသူ တစ်ဦး သရက်ချောင်းမြို့နယ်တွင် သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ရေချိုချောင်း ရွာက အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက သြဂုတ်လ ၅ ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“သေနတ် သုံးလေးချက်ပစ်သံကြားရတယ်၊ ဒဏ်ရာက ရင်ဘတ်နဲ့ မျက် နှာမှာ ထိထားတာတွေ့တယ်။ အလောင်း ကို ရွာအုပ်ချုပ်ရေးမှူးက ဘုန်းကြီးကျောင်းက ကားနဲ့ သရက် ချောင်း ဆေးရုံကို သယ်သွားတယ်” ဟု  ပြောသည်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရေချိုချောင်းကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပစ်ခံရသူ ဦးမျိုးအောင်မှာ စစ်ကောင်စီသတင်းပေး၊ စစ်တပ်ကို ရိက္ခာများ စီစဉ်ရှာဖွေပေးရသူ ဖြစ်သည်ဟု ရွာသား အချို့က ပြောသည်။

အသက် ၅၅ နှစ်အရွယ် ဦးမျိုးအောင်မှာ ၎င်း၏နေအိမ်တွင် ရှိနေချိန် လူ ၅ ဦး ခန့် ရောက်ရှိ လာပြီး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံလိုက်ရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဦးမျိုးအောင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံအဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး စစ်ကောင်စီ တပ် ဖွဲ့များ ရွာထဲဝင်လာသည့် အချိန်တိုင်းတွင် စားနပ်ရိက္ခာများကို ကိုယ်တိုင်စီစဉ် ပို့ဆောင်ပေးနေသူ ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းသည် ပါတီစည်းရုံးရေးထက် စစ်ကောင်စီကို နောက်ကွယ်မှ သတင်းများ ထောက်လှမ်းပေးပို့ ခဲ့ခြင်းကြောင့်

ဦးမျိုးအောင်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖြစ်သည့် ပုတီးတစ်လုံး ပြောက်ကျားအဖွဲ့နင့် ကျားရိုင်း ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဟု ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည်။

ထိုလုပ်ဆောင်မှုသည် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ပါကြောင်းကိုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...