မင်းတုန်းတွင် ရိုဟင်ဂျာ ၁၆ ဦး ဖမ်းဆီးခံရ

မင်းတုန်းတွင် ရိုဟင်ဂျာ ၁၆ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ဆယ်ကျော်သက် ၉ ဦး အပါအဝင် ရိုဟင်ဂျာ ၁၆ ဦးကို စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု မင်းတုန်းမြို့မ ရဲစခန်း တာဝန်ရှိသူများက ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့၊ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ ၁၆ ဦးသည် ရခိုင်ပြည်နယ်အတွင်း နေထိုင် ကြသူများ ဖြစ်သည်ဟု သိရသည်။

”သူတို့ထွက်ဆိုချက်အရ တောင်ပေါ်မှာ လူ ၁၀၀ ကျော် ကျန်ခဲ့တယ်လို့ ပြောတယ်။ နွားမှောင်ခိုလမ်းရှိတဲ့ တောင်လား၊ အမ်းဘက် မထုံးချောင်းဖျားဘက်က တောင်လား မကွဲဘူး” ဟု ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူ အသက် ၄၅ နှစ် အရွယ် တာဝန်ရှိသူတစ်ဦး က ပြောသည်။

မင်းတုန်းမြို့နယ်၊ ပုသိမ်- မုံရွာ လမ်းမကြီးဘေး စပါးတန်းကျေးရွာ အနီးတွင် ၅ ဦး၊ ငါးခူအိုးကျေးရွာ  အနီးတွင် ၁၁ ဦး တွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံရသူများသည် စစ်တွေမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့တို့က ထွက်လာသူများ ဖြစ်သည်ဟုသိရသည်။

ဖမ်းဆီးရမိသူများထဲတွင် ဆယ်ကျော်သက်အရွယ် ၉ ဦးပါဝင်ပြီး အငယ်ဆုံးမှာ အသက် ၁၃ နှစ် အရွယ် မောင်အောင်ကျော်လှ (ခေါ်) ဇာမော်အာလိမ်း ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၂၇ နှစ် ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ဖမ်းမမိခင် ကျေးရွာအချို့မှာ ဘင်္ဂလီများတွေ့နေရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်၊ ၅ ရက် ခန့် အကြာတွင် ယခုကဲ့သို့ ရိုဟင်ဂျာအချို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ဟု ရဲစခန်းတာဝန်ရှိသူများထံမှ သိရသည်။

မကွေးတိုင်းအတွင်းက မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ကံမမြို့နယ် တို့ကို ဖြတ်သန်းထားသည့် ပုသိမ်-မုံရွာ လမ်းတလျောက်တွင် ယခုကဲ့ မကြာခဏ ရခိုင်ဘက်မှ ဝင်လာသည့် ရိုဟင်ဂျာများကို တွေ့ရှိ ဖမ်းဆီးခံရလေ့ရှိ သည် ဟု သိရသည်။

ထိုသို့ ရခိုင်ဘက်မှ ဝင်လာကြသည့် ရိုဟင်ဂျားများအနေဖြင့် မကွေးတိုင်း၊ မင်းလှမြို့နယ်ကို ကျော်ကာ လွတ် သွားပါကလည်း ပဲခူးတိုင်း၊ အနောက် ပန်းတောင်းမြို့နယ် နှင့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တို့တွင် ဖမ်းဆီးခံရ သူများလည်းရှိနေသည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...