ကွမ်းယာသည် “သတင်းပေး” အမျိုးသမီး ပစ်သတ်ခံရ

ကွမ်းယာသည် “သတင်းပေး” အမျိုးသမီး ပစ်သတ်ခံရ

စစ်ကောင်စီ သတင်းပေးဆိုသူ ကွမ်းယာသည် အမျိုးသမီး တစ်ဦး ဧရာဝတီတိုင်း မြန်အောင် မြို့တွင် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မြန်အောင်မြို့ရှိ အင်ပင်နယ်မြေ ရဲစခန်းအပိုင် ကညင်ငူကျေးရွာ လမ်းဆုံရှိ “အောင်ကျော်မိုး” ယာဥ်လိုင်း ကားလက်မှတ်နှင့် ကွမ်းယာရောင်းသည့် အသက် ၄၀ အရွယ်ခန့်ရှိသူ စစ်ကောင်စီသတင်းပေးဆိုသူ မသန္တာအား လူရွယ် ၂ ဦး က ဩဂုတ်လ ၆ ရက်နေ့၊ ည ၆ နာရီ ခွဲကျော်ခန့်တွင် လာရောက် ပစ်သတ်သွားခြင်း ဖြစ် သည်ဟု ဒေသခံများ က ပြောသည်။

“ဆိုင်ကယ်စီး လူရွယ် ၂ ယောက်က ကားလက်မှတ် ဝယ်ဖို့ဆိုပြီး ဝင်လာပြီး အနီးကပ် ပစ်သွားတာ။ အပစ်ခံရတဲ့ နေရာမှာ အသက်ငင်နေတုန်း အင်ပင်ဆေးရုံကို ပို့ပေမယ့် အသက်မမှီတော့ပါဘူး” ဟု ဒေသခံတစ်ဦး က ပြော သည်။

သေဆုံးသူ၏ နဖူးတည့်တည့်တွင် သေနတ်ဒဏ်ရာ တစ်ချက်၊ ဗိုက်တွင် တစ်ချက်နှင့် လက်မောင်းတွင် တစ်ချက် ပစ်ခတ်ခံရပြီး ကညင်ငူကျေးရွာနှင့် ၄ မိုင် ခန့်ဝေးသည့် အင်ပင် တိုက်နယ်ဆေးရုံ သို့ ပို့ဆောင်စဥ် သေဆုံးသွား သည်ဟု ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူ မသန္တာနှင့် သူမ၏ ယောက်ကျားတို့သည် ကွမ်းယာ နှင့် ကားလက်မှတ်ရောင်းရင်း ၎င်းတို့ဆိုင်တွင် စစ်သား၊ ရဲ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ နှင့် မကြာခဏ တွေ့ဆုံလေ့ရှိပြီး ၎င်းတို့လင်မယား သတင်းပေးမှုကြောင့် ဒေသခံများလည်း မကြာခဏ ဖမ်းဆီးခံရသည်ဟု သိရသည်။

“လက်ရှိအခြေအနေမှာ မြန်အောင်စစ်တပ်နဲ့ ရဲတွေက ရွာနီးချုပ်စပ်က ဒေသခံတချို့နဲ့ လမ်းသွားလမ်းလာ တ ချို့ကို ဖမ်းဆီးစစ်ဆေးတာ လမ်းတွေကို ပိတ်ဆို့စစ်ဆေးတာ လုပ်နေတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို နဂါးနီ တော်လှန်ရေးတပ်ဖွဲ့နှင့် ရိုးမ ဧရာဝတီ PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု ထို တော်လှန်ရေး အင်အားစုများက သြဂုတ် ၇ ရက်နေ့၊ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ထောက်တိုင်များနှင့် သတင်းပေးဒလန်များကို တိုက် ခိုက် သုတ်သင်သွားမည့် စစ်ဆင်ရေးများအား မည်သည့် အကြောင်းနှင့်မျှ ပယ်ဖျက်လိမ့်မည် မဟုတ်ဟု နဂါးနီ တော်လှန်ရေး တပ်ဖွဲ့က ဇူလိုင် ၂၃ ရက်စွဲတွင်လည်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မြန်အောင်မြို့နယ်တွင် ပြည်သူ့ခုခံ တော်လှန်ရေး စတင်သည့် အချိန်မှ ယနေ့အထိ ဒလန်ရှင်းလင်းမှု ၂ ကြိမ်၊ ရဲ တပ်သားအား ပစ်ခတ်မှုနှင့် စစ်ကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ထောက်တိုင်များကို ဗုံးခွဲတိုက်ခိုက်မှု ၇ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီးဖြစ်သည် ဟု ဒေသခံများက ပြောသည်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...
March 15, 2024
စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား...
March 8, 2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက...
March 8, 2024
ရှမ်းမြောက် မိုးမိတ်တိုက်ပွဲထဲ အရပ်သား နေအိမ် အများအပြားပျက်စီးသွား၍ ဒေသခံ စစ်ရှောင်အများစု...