တော်လှန်သူတို့၏ နေအိမ်များ ချိပ်ပိတ်ခံရ

တော်လှန်သူတို့၏ နေအိမ်များ ချိပ်ပိတ်ခံရ

ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ နေအိမ် သုံးလုံးကို စစ်ကောင်စီ တပ်ဖွဲ့များက ချိပ်ပိတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုအေးမင်းထွန်၏ နေအိမ်၊ တောင်သူစုရပ်ကွက်ရှိ ကိုစံလင်း၏ နေအိမ်နှင့် သိမ်ဇရပ်မြို့ရှိ ကိုဝင်းကိုတို့၏ နေအိမ်များကို လာရောက်ချိပ်ပိတ်သွား ခြင်း ဖြစ်သည်။

”ချိပ်ပိတ်သွားတဲ့ အိမ်မှာက လူမရှိကြဘူး။ ပိတ်ထားတာကြာပြီ။ အဲ့ဒါကို နိုင်ငံတော်ပိုင် သိမ်းတယ်ဆိုပြီး စာ လာကပ် ချိပ်ပိတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုအေးမင်းထွန်း၊ ကိုစံလင်း၊ ကိုဝင်းကိုတို့သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဟုဆိုကာ နေ အိမ်များကို နိုင်ငံတော်ပိုင် သိမ်းဆည်းကြောင်း စစ်ကောင်စီက ဩဂုတ်လ ၄ ရက်နေ့တွင် လာချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကိုအေးမင်းထွန်းသည် ရဲတပ်ကြပ်ကြီး တစ်ဦးဖြစ်ပြီး မွန်ပြည်နယ်၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ကိုအေးမင်းထွန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တော် လှန်ခဲ့သည်။

လက်ရှိတွင် ကိုအေးမင်းထွန်းကို ပုဒ်မ ၅၀၅-က၊ ၅၀-ည တို့ဖြင့် အမှုဖွင့်ထားသည့်အပြင် ကိုစံလင်းနှင့် ကိုဝင်းကို တို့ကိုလည်း ပုဒ်မ ၅၀၅-က၊ အကြမ်းဖက် ပုဒ်မတို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည် ဟု ဆွေမျိုးနီးစပ်များ က၏ ပြောပြချက်အရ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ် အတွင်းရှိ NLD ပါတီ ကိုယ်စားလှယ်များ၊ NLD ပါတီ ထောက်ခံ သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်မှုများ ဆက်တိုက်ပြု လုပ်နေသည်ဟု မြို့ခံများက ဆိုသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...