ဒဂုံမြို့သစ်တောင်ပိုင်း ဆန္ဒပြသူများကို ကားဖြင့် တိုက် ဖမ်းဆီး၊ ဂျပန် တစ်ဦးအပါအဝင် သုံးဦး ဖမ်းခံရ

ဒဂုံမြို့သစ်တောင်ပိုင်း ဆန္ဒပြသူများကို ကားဖြင့် တိုက် ဖမ်းဆီး၊ ဂျပန် တစ်ဦးအပါအဝင် သုံးဦး ဖမ်းခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၁၉ ရပ်ကွက်၊ မြိတ်လမ်းမကြီးပေါ်တွင် ဇူလိုင်လ ၃၀ ရက်နေ့က ဆန္ဒပြပွဲပြုလုပ်နေကြသည့် လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့် တိုက်ပြီး ဖမ်းဆီးရာ ဂျပန် နိုင်ငံသား တစ်ဦး အပါအဝင် သုံးဦး ဖမ်းဆီးခံလိုက်ရသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

ဖမ်းဆီခံလိုက်ရသူ သုံးဦးသည် ဂျပန်နိုင်ငံသားတစ်ဦး၊ လူငယ် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကင်မရာ တစ်လုံး၊ စာရေးထား‌သည့် ပိတ်စတစ်ခုနှင့် လက်ကိုင်ဖုန်းများကိုပါ သိမ်းဆည်းသွားသည်ဟု မျက်မြင် တွေ့ရှိသူတစ်ဦး က ပြောသည်။

မျက်မြင်တွေ့သူ တစ်ဦးက “စစ်တပ်က ကားနဲ့လာဖမ်းတာ။ သူတို့သုံးဦးပဲ မိသွားတာ။ ကျန်တဲ့သူတွေကတော့ လွတ်သွားတယ်” ဟု ပြောသည်။

ဖမ်းဆီး ခံရသူ ဂျပန် နိုင်ငံသားမှာ Toru Kobota ဆိုသူ ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တစ်ဦး ဖြစ်သည်။

ဂျပန် နိုင်ငံသား ဖမ်းဆီး ခံရမှုကို ရန်ကုန် ဂျပန် သံရုံးက AFP သတင်းဌာနကို အတည်ပြုပြောကြားသည်။

ရန်ကုန်မြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့က မြို့တော်ခန်းမအနီး ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ပြီး ထိုနေရာတွင်လည်း ဖမ်းဆီးခံရသူ လူငယ်အချို့ ရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရပါသည်။

သတင်းမီဒီယာများတွင် ရန်ကုန်မြို့၌ လုံခြုံရေးထူထပ်စွာ ချထားသည်ဟု ပြောဆိုနေကြသော်လည်း ကင်းလှည့် နေသည့် စစ်ကားများပေါ်တွင် လုံထိန်းများကိုတွေ့ရပြီး စစ်သားများ၏ ပခုံးတံဆိပ်များတွင် ကပစကဲ့သို့ အကူ လက်ရုံးတပ်များကိုလည်း တွေ့နေရသည်ဟု ရန်ကုန်မြို့ခံ အချို့က ပြောသည်။

အငြိမ်းစား ပြည်သူ့ဝန်ထမ်းတစ်ဦး က “သူတို့ တနိုင်ငံလုံးအနှံ့ စစ်မျက်နှာတွေ ဖွင့်နေရတော့ အင်အားမရှိတော့ ဘူး။ ကပစ တွေပါ ထုတ်သုံးနေရတာ“ ဟု ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမှာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကောင်စီ တပ်သားများက Probox အိမ် စီးကားဖြင့် တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူများထဲတွင် ဂျပန်နိုင်ငံသား Toru Kobota၊ အမျိုး သားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့နှင့် အတူ ကင်မရာတစ်လုံး ဘန်နာ ပိတ်စတစ်ခုကို ဖမ်းဆီးရမိသွားသည် ဟု Yangon Drone က သတင်းထုတ်ပြန်ထားသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...