တွေ့ဆုံဆွေးနွေးရေးကို အဓိက ကိုင်စွဲ သွားမည်ဟု RCSS ပြော

တွေ့ဆုံဆွေးနွေးရေးကို အဓိက ကိုင်စွဲ သွားမည်ဟု RCSS ပြော

လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး RCSS  အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းကို အဓိက စွဲကိုင် ထားပြီး ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု RCSS ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျန်းတွင် ဇူလလိုင် ၂၈ ရက်နေ့ မှ ၃၁ ရက် နေ့အထိ ၄ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် RCSS ၏ ခြောက်လပတ် အစည်းအဝေးအပြီးတွင် ထိုသို့ ထုတ်ပြန် ပြောဆို လိုက်ခြင်းဖြစ်သည်။

RCSS က “သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ရေရှည် ထည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေး ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် RCSS သည် အဖွဲ့အစည်း များအားလုံးနဲ့ လက် တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု ပြောသည်။

တဖက်တွင်လည်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ယခု နှစ် မေလတတိယပတ်တွင် သွားရောက်တွေ့ဆုံခဲ့သည့်အပေါ် လူထု၏ ဝေဖန်မှုကို ခံနေရသည်။

ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၂၀ ရက်နေ့က နေပြည်တော် တွင်တွေ့ဆုံခဲ့ ကြရာတွင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဆွေးနွေးခဲ့ခြင်းမျိုးမရှိပဲ ဒေသဖွံ့ ဖြိုးရေးကိစ္စများကို မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်ကိုသာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ပြောဆိုထားသည်။

သို့သော် RCSS ဘက်က နှစ်ဖက်ကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဆွေးနွေးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရှမ်းလူထုအပါအဝင် စစ်အာဏာရှင်ကို တော်လှန်နေသူများက RCSS အပေါ် စိတ်ပျက်နေကြသည်။

RCSS ၏ ၆ လပတ်အစည်းအဝေးတွင် ဌာနအသီးသီးက တင်ပြသည့် ၆ လတာ လုပ်ငန်းအစီရင်ခံစာများ အပေါ် သုံးသပ်ဆွေးနွေးခြင်း၊ နိုင်ငံရေး စစ်ရေး အခြေအနေများ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့ အစည်းပြင်ပ အခြေအ နေများကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချ မှတ်ခဲ့သည် ဟု RCC က ပြော သည်။

ယခုကျင်းပပြုလုပ်ခဲ့သည့် RCSS ၏ ၆ လပတ်အစည်းအဝေး အပြီး ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တာဝန်ရှိသူ များကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၄ ရက်တာ ကျင်းပပြုလုပ်သည့် RCSS ၏ ခြောက်လပတ် အစည်းအဝေးတွင် RCSS အကြံပေးအဖွဲ့များ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC ဝင်များ၊ ဗဟို ဦးစီးကော်မတီ CLC ဝင်များ၊ ဗဟို ကော်မတီ CC ဝင်များနှင့် တာဝန်ရှိသူပုဂ္ဂိုလ် စုစုပေါင်း ၂၃၇ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

Most read this week

April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...