ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှု ဝမ်းနည်းကြောင်း မွန်ပြည်သစ်ပါတီ ထုတ်ပြန်

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှု ဝမ်းနည်းကြောင်း မွန်ပြည်သစ်ပါတီ ထုတ်ပြန်

ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်ရခြင်းအပေါ် မွန်ပြည်သစ်ပါတီ (NMSP) နှင့် မွန်ပြည်သူတို့အနေဖြင့် များစွာတုန်လှုပ်မိပြီး ဝန်ကြီးချုပ်ဟောင်း၏ မိသားစုများ၊ ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများနည်းတူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။

မစ္စတာရှင်ဇိုအာဘေးသည် မွန်အမျိုးသားများ နေထိုင်ရာဒေသများတွင် ငြိမ်းချမ်းရေး၊ ရေရှည်ဖွံ့ဖြိုးရေးများ ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ ဇူလိုင် ၁၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအား မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားများအနေဖြင့် မြန်မာနိုင်ငံအတွက် အထူးသဖြင့် မိမိတို့ မွန်အမျိုးသားများနေထိုင်ရာ ဒေသများတွင် ငြိမ်းချမ်းရေး၊ လူထုသဟဇာတဖြစ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အင်တိုက်အားတိုက် ကူညီဆောက်ရွက်ပေးသူအဖြစ် အစဉ်အမြဲ အမှတ်ရနေကြမည်ဖြစ်ကြောင်း” မွန်ပြည်သစ်ပါတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ မစ္စတာရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ် ခံရမှုအပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မစ္စတာရှင်ဇိုအာဘေးသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့ကြောင်း၊ အထူးသဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပေါ် ရင်းနီနွေးထွေးသော ဆက်ဆံရေးထားရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းစဉ်ကာလတစ်လျှောက် ဂျပန်ခေါင်းဆောင်တစ်ဦး အနေဖြင့် အကူအညီများပေးအပ်ခဲ့ကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စတာရှင်ဇိုအာဘေးသည် ဇူလိုင် ၈ ရက်က နာရာအုပ်ချုပ်ရေးဒေသ၏ မြို့တော်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးပွဲအတွက် မိန့်ခွန်းပြောကြားနေစဉ် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...