မန္တလေး မီးရထားရိပ်သာရုံးမှ လုံခြုံရေးရဲများ တိုက်ခိုက်ခံရ

မန္တလေး မီးရထားရိပ်သာရုံးမှ လုံခြုံရေးရဲများ တိုက်ခိုက်ခံရ

မန္တလေးမြို့ မီးရထား ရိပ်သာရုံးတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားများ တိုက်ခိုက်ခံခဲ့ရပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ အနက် ဒုတပ်ကြပ်တစ်ဦးလည်း ပါဝင်သည်ဟု မြို့ခံများက ပြောသည်။

“ဆိုင်ကယ်နှစ်စီးနဲ့လာတာလို့ ပြောတယ်။ ကျမတို့က သေနတ်သံပဲ ကြားတာ။ ဆိုင်ကယ်ကိုတော့ မတွေ့လိုက် ဘူး။ သေနတ်သံအရင်ကြားတယ်၊ ပြီးတော့ ဗုံးပေါက်ကွဲတဲ့အသံလိုမျိုး အကျယ်ကြီး ပြန်ကြားရတယ်။ အဲ့မှာ ကြာတာတော့ ရဲတပ်ကြပ်တစ်ယောက်နဲ့ တခြား နှစ်ယောက် ဒဏ်ရာရတယ်ပေါ့ အဲ့လိုပြောတယ်” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူ ၄ ယောက်က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံ အချို့ က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၈လမ်း၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြားက မီးရ ထားရိပ်သာရုံးတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု Generation Z Power အဖွဲ့က ထုတ်ပြန်ထားသည်။

မီးရထားရိပ်သာရုံးတွင် စောင့်နေသည့် အဆိုပါ ရဲတပ်သား ၃ ဦးကို လက်ပစ်ဗုံးတစ်လုံး၊ ကျည် ၆ တောင့်နှင့် ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power အဖွဲ့ကထုတ်ပြန်ထားသည်။

Generation Z Power အဖွဲ့က တာဝန်ရှိသူ တစ်ဦးက “ဗုံးတစ်လုံးနဲ့ အရင် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဆိုတော့ သူတို့ ဘက်က ပြန်ပစ်ချိန်မရလိုက်ဘူး” ဟု အတည်ပြု ပြောသည်။

Generation Z Power အနေဖြင့် မီးရထားရိပ်သာရုံးတွင် စောင့်နေသည့် အဆိုပါ ရဲတပ်သားများကို တိုက်ခိုက်ရန် အတွက် လဝက်ခန့်ကြာ အချိန်ယူခဲ့ရသည်ဟုလည်း ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရဲအင်အားအများအပြားနှင့် အနီးအနားဝန်းကျင်တွင် ပိတ်ဆို့ စစ် ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မန္တလေးမြို့ပေါ်က အခြားသောနေရာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ တင်း ကြပ်စွာ လုပ်ဆောင်နေသည်ဟု သိရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...