မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက် အရပ်သား ၂ ဦးသေဆုံး

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက် အရပ်သား ၂ ဦးသေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက ချပ်ကျေးရွာနဲ့ စွန်တောင်ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ် ၂ စင်းနဲ့ ဇွန်လိုင် ၂ ရက်နေ့  မနက်ပိုင်း ၁၁ နာရီကျော်ကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချပ်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းထဲကို ဗုံးကျေရာက်ပေါက်ကွဲပြီး အရပ်သား ၂ ဦးသေဆုံးခဲ့တာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။

“ချပ်ရွာနဲ့စွန်တောင်ရွာပေါ့နော် ဗုံးကြဲတာပေါ့ ဒီနေ့မနက် ၁၁ နာရီကျော်ကျော်လောက်မှာတိုက်လေယာဉ် ၂ စီးပေါ့နော် အပြာရောင်တိုက်လေယာဉ် ၂ စီးလာပြီးမှဗုံးကြဲသွားတာပေါ့ ချပ်ရွာကြဲတာကတော့ စာသင်ကျောင်းမှာ ကျတယ်၊ ဘုရားကျောင်းမှာကျတယ် စာသင်ကျောင်းနဲ့ဘုရားကျောင်းဝန်းကျင်မှာရှိတဲ့လူတွေပြည်သူ ၂ ဦးသေဆုံးတယ် ၂ ဦးအပြင်းအထန်ဒဏ်ရာရပြီးမှ တခြားဒဏ်ရာရတယ်လူလည်းရှိတယ်လို့သိရတယ်’’

စစ်ကောင်စီတပ်ဖွဲ့ဟာ လေကြောင်းတိုက်ခိုက်မှုမလုပ်ခင် အဲဒီကျေးရွာတွေပေါ်ကို ကင်းထောက်ပျံသန်းမှုပြုုလုပ်ခဲ့ပြီး  အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့လည်း CDF-Mindat ကထုတ်ပြန်ထားပါ တယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ခုလိုအရပ်သားပြည်သူတွေရှိတဲ့ စာသင်ကျောင်း၊ ဘုရားကျောင်းတွေပေါ် ဗုံးကြဲတိုက် ခိုက်တဲ့အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ဆလိုင်း ယောမန်ကပြောပါတယ်။

“အပစ်မဲ့ပြည်သူတွေကိုကြဲတာဖြစ်တယ်၊ ကြဲတဲ့နေရာကလည်း စာသင်ကျောင်း၊ ဘုရားကျောင်းတို့ဆိုတာ မကြဲရမယ့်နေ ရာတွေဖြစ်တယ် အဲဒါမျိုးတွေပါကြဲတယ်ဆိုတော့ ဒါလက်နက်ကိုင်ခြင်းတိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူးပေါ့နော် လက်နက်ကိုင်ရှိတဲ့နေရာလည်းမဟုတ်ဘူး လက်နက်မကိုင်ထားတဲ့သူ တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုမှာကို ကြဲတဲ့အပြင် ဘုရာကျောင်းတို့ စာသင်ကျောင်းတို့မှာကြဲတယ်ဆိုတာက ဒါအပြင်းအထန်ဆုံးရှုတ်ချစရာဖြစ်တယ်ပေါ့လေ ကျနော်တို့ စကစ ကတော့ ပြောစကားတောင်မရှိတော့ပါဘူး"

စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့ ချပ်နဲ့ စွန်တောင်ကျေးရွာတို့ဟာ မင်းတပ်မြို့ကနေ မိုင် ၄၀ လောက်ကွာဝေးတယ်လို့သိရပြီး ဒေသခံပြည်သူတွေကတော့ ကြောက်လန့်ကြပြီး တောတောင်တွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်မှာတပ်စွဲထားတဲ့ ခလရ ၂၇၄ တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိပဲ မြို့အနီးနားက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာက ၁၄ နှစ်အရွယ်လူငယ်တစ်ဦးသေဆုံး ခဲ့သလို ဇွန်လ ၁၆ ရက်နေ့ကလည်း မွီတွီကျေးရွာက အရပ်သား ၃ ဦး ဗုံးဆံထိမှန်သေဆုံးခဲ့ကြရပြီးဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...