ထွက်ပြေးတိမ်းရှောင်နေသည့် ကျိုက်ထိုမြို့ NLD ပါတီဝင်နှစ်ဦး၏ နေအိမ်နှင့်ဆိုင် ချိပ်ပိတ်ခံရ

ထွက်ပြေးတိမ်းရှောင်နေသည့် ကျိုက်ထိုမြို့ NLD ပါတီဝင်နှစ်ဦး၏ နေအိမ်နှင့်ဆိုင် ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ NLD ပါတီဝင် ၂ ဦး၏ နေအိမ်နှင့် ဆိုင်ကယ်ပြင်ဆိုင်ကို ဇွန်လ ၂၂ရက် နေ့လည်ပိုင်းက ချိပ်ပိတ်ခံခဲ့ရကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၊ ကော့စနိုင်ရပ်ကွက်တွင် နေထိုင်သူ ဦးဟန်ဝင်းမြတ်၏ နေအိမ်ကို လာရောက် ချိတ်ပိတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"သူတို့မိသားစုကတော့ တိမ်းရှောင်‌နေကြတော့ အိမ်ပဲကျန်ခဲ့တယ်။ ဒီ အာဏာရှင်ကျဆုံးရေးလှုပ်ရှားမှုတွေကို ဦးဆောင်တယ်။ တက်ကြွလှုပ်ရှားမှုမှာ ဦးဆောင်လို့ပေါ့။ ချိတ်ပိတ်တာလို့ သိရတယ်"ဟု ၎င်းက ပြောသည်။

ဦးဟန်ဝင်းမြတ်ကို အာဏာရှင်ကျဆုံးရေး သပိတ်လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည်ဟုဆိုကာ နစကကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၂ရက် ညနေပိုင်းကလည်း ကျိုက်ထိုမြို့နယ် ကော့ထင်ကျေးရွာတွင် နေထိုင်သူ ကိုသန့်ဇင်ဖြိုး၏ ဆိုင်ကယ်ပြင်ဆိုင်ကို လာရောက်ချိပ်ပိတ်ခဲ့သည်။

ကိုသန့်ဇင်ဖြိုးကို ပြီးခဲ့တဲ့သည်နှစ် မတ်လက ဖောက်ခွဲရေးတစ်ခုတွင် ဆက်စပ်ပါဝင်ခဲ့သည်ဟုဆိုကာ အမှုဖွင့်လှစ်၍ တရားစွဲဆိုထားကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူကတစ်ဦးက ဆိုသည်။

ထို့ကြောင့် ၎င်း၏ ဆိုင်ကယ်ပြင်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆကြသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ကျိုက်ထိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာခင်ဆောင်၏နေအိမ်နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးဇော်ဇော်ထူး၏ နေအိမ် များကိုလည်းကောင်း၊  ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒေါ်သီရိရတနာ၏ နေအိမ် နှစ်လုံးအားလည်းကောင်း၊ ရေးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မိုးအေး၏ နေအိမ်အားလည်းကောင်း အကြမ်းဖက်အဖွဲ့ အစည်းနှင့် ဆက်စပ်သည်ဟုဆိုကာ သက်ဆိုင် ရာတာဝန်ရှိသူများက ချိပ်ပိတ်ခဲ့ကြောင်း သိ ရသည်။

Most read this week

August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...