WHO ဝန်ထမ်း ကိုမျိုးမင်းထွဋ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူများကို ဖမ်းမိ

WHO ဝန်ထမ်း ကိုမျိုးမင်းထွဋ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူများကို ဖမ်းမိ

မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ် အနီးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းဖြစ်သူ ကိုမျိုးမင်းထွဋ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကိုမျိုးမင်းထွဋ်နှင့် လူမှုရေးအရ ပတ်သတ်နေသည့် အမျိုးသမီးဖြစ်သူ မယုယုမွန်ကို စတင်စစ်ဆေးခဲ့ရာ ၎င်းက လုပ်ကြံရန် စေခိုင်းခဲ့ကြောင်း သိရှိခဲ့ပြီး ဆက်စပ်စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ကိုမျိုးမင်းထွဋ်အား သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ ဘိုဘိုအောင် ဆိုသူ ဖြစ်ပြီး ပူးပေါင်းပါဝင်သူများမှာ နန်းတွယ်တာဦး၊ အိအိဖြူ၊ မျိုးအိအိထွန်း၊ ကျော်လင်းအောင် (ခ) ချစ်ကို ၊ နေသော်သော်နှင့် နွဲနွဲ့ဝင်း တို့ဖြစ်ပြီး စုစုပေါင်း ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ ၈ဦး နေထိုင်ရာ နေအိမ်အသီးသီးကို ဝင်ရောက်ရှာဖွေရာတွင်လည်း လက်လုပ်မိုင်းများနှင့် သေနတ်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

WHO ဝန်ထမ်း ကိုမျိုးမင်းထွဋ် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ကျန်ရှိနေသည့် ဆက်စပ်တရားခံများကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက် ညနေ ၆ နာရီအချိန်တွင် WHO မှ ဝန်ထမ်းဖြစ်သူ ကိုမျိုးမင်းထွဋ်သည် သိမ်ကုန်းရပ်ကွက်၊ သိပ္ပံကျောင်းလမ်း၊ သံလွင်ဥယျာဉ်ဘေးဝင်ပေါက် အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ကိုမျိုးမင်းထွဋ် သေဆုံးခြင်းနှင့် ပတ်သတ်ပြီး မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...