မွန်ကျောက်စာသင်တန်း ဇွန်လ ၁၈ ရက်တွင် စတင်ဖွင့်လှစ်မည်

မွန်ကျောက်စာသင်တန်း ဇွန်လ ၁၈ ရက်တွင် စတင်ဖွင့်လှစ်မည်

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်စီစဉ်ထားသည့်် မွန်ကျောက်စာသင်တန်းကို မော်လမြိုင်မြို့ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်တွင်  ဇွန်လ ၁၈ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မွန်ကျောက်စာပညာရှင် နိုင်ဘရှင်မှ ဦးဆောင်သင်ကြားသွားမည်ဖြစ်ပြီး တစ်ရက်လျှင် ၄ နာရီနှုန်းဖြင့် ၃ ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း မွန်ဒေလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် သံဖြူဇရပ်မြို့ ဟင်္သာထော ကျောင်းထိုင်ဆရာတော် ဘန္တဒ္ဒ သီလဝံသက မိန့်ကြားသည်။

“သင်တန်းကိုတော့ ဘုန်းကြီးရော၊ ဒကာ၊ ဒကာမတွေရော တက်လို့ရပါတယ်၊ တစ်မြို့နယ်ကို ၅ ယောက်နှုန်းနဲ့ စိတ်ပါဝင်စားတဲ့သူအားလုံးကို ဖိတ်ခေါ်ပါတယ်၊ လေးနက်လှတဲ့ မွန်သမိုင်းကြောင်းတွေကို သိစေချင်တယ် ပြီးတော့ မွန်ကျောက်စာတွေကို မွန်လူမျိုးတွေ ဖတ်တတ်စေချင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။

လက်ရှိမှာတော့ သင်တန်းတက်ရောက်ရန် သံဃာတော်နှင့်  သီလရှင်များအပါအဝင် သင်တန်းသား ၁၀၀ ကျော်  စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

မွန်ကျောက်စာသင်တန်းကို စိတ်ဝင်စားသူ ချောင်းဆုံမြို့မှ မိကေအာစွမ်းက “ ကျွန်မအနေနဲ့က မွန်သမိုင်းတန် ၆ ခုလုံးကို ပြီးသွားပေမဲ့ မွန်စာပေတွေကို ဆက်ပြီး လေ့လာချင်သေးတယ်၊ အခုလို မွန်ကျောက်စာသင်းတန်း ဖွင့်မယ်လို့ကြားရတော့ တက်ဖြစ်မှာတော့ သေချာတယ်၊ ဘုရား စေတီတွေမှာ ရေးထားတဲ့ ကျောက်စာတွေ ကိုလည်း ဖတ်တတ်ချင်တယ်” ဟု ၎င်းကပြောသည်။

ယခုသင်တန်းအတွက် သင်တန်းသားများ၏ နေထိုင်စရိတ်နှင့် စားသောက်ရေးအတွက် တစ်ရက်လျှင် ငွေကျပ်  ၃ သိန်းခန့် ကုန်ချခံမည်ဟု ရွယ်ထားပြီး အစိုးရထံမှ မွန်ကျောက်စာသင်တန်းအတွက် ထောက်ပံ့ကြေးတောင်းဆိုထားသော်လည်း အကြောင်းပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းအပြင် သင်တန်းပြီးဆုံးပါက မွန်ကျောက်စာ စာအုပ်ထုတ်ဝေသွားမည်ဖြစ်ပြီး နွေရာသီ မွန်စာပေသင်တန်းတွင်လည်း ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားသွားရန်လည်း မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရည်ရွယ်ထားသည်။

မွန်ကျောက်စာပညာရှင်များ ပုံတူထုဆစ်ထားသည် ရွှေတိဂုံကျောက်စာ ၃ ချပ်၊ ကလျာဏီကျောက်စာ ၁၀ ချပ် ကျန်စစ်သားကျောက်စာနှင့် ဓမ္မစေတီ ကျောက်စာများကို လေ့လာဖတ်ရှု့နိုင်ရန် ၂၀၂၀ ခုနှစ်က မွန်သာသနာ ၂၅၀၀ တွင် ထားရှိထားသည်။

တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...