စက်သုံးဆီပြတ်လပ်ပါက အရေးယူမည်ဆိုသည်မှာ ဖိအားပေးခြင်းဟု လုပ်ငန်းရှင်များ ပြော

စက်သုံးဆီပြတ်လပ်ပါက အရေးယူမည်ဆိုသည်မှာ ဖိအားပေးခြင်းဟု လုပ်ငန်းရှင်များ ပြော

စက်သုံးဆီကုမ္ပဏီများ အပါအဝင် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူ သွားမည်ဟုသော ထုတ်ပြန်ချက်မှာ လုပ်ငန်းဆောင်ရွက်မှုအပေါ် ဖိအားပေးခြင်း ဖြစ်ကြောင်း မော်လမြိုင်မှ စက်သုံးဆီဆိုင်လုပ်ငန်းရှင်များက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းက ဇွန် ၁၂ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းအနေဖြင့် အရေးယူမည့် ထုတ်ပြန်ချက်ထက် ပိုအရေးကြီးသည့်အချက်ကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"အရေးယူမယ်ဆိုပြီး ဖိအားပေးလိုက်တာထက် ဝယ်ယူတဲ့နေရာမှာ ပိုပြီးလွယ်ကူအောင်၊ အဆင်ပြေအောင် အရင်လုပ်ပေးဖို့လိုတယ်"ဟု ၎င်းက ပြောသည်။

ပြည်နယ်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များ ညှိနှိုင်းကာ အကန့်အသတ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မော်လမြိုင်မှ စက်သုံးဆီ‌အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက "ကျွန်တော်တို့ဆီမှာ ရှိသလောက်ကို အဆင်ပြေအောင် ချိန်ပြီး ရောင်းပေးနေတာပေါ့။ ပြတ်သွားရင် အရေးယူမယ်လို့ပြောတယ်။ မပြတ်အောင် ဘယ်လိုရောင်းဝယ်ကြမလဲတော့ မပြောသွားဘူး။ အရေးကြီးတဲ့ အချက်ကျန်ခဲ့တာပေါ့"ဟု ပြောသည်။

ထုတ်ပြန်ချက်တွင် စက်သုံးဆီဆိုင်များ ဆီပြတ်လပ်နိုင်မည့်အခြေအနေ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်တင်ပြရန် ညွှန်ကြားထားသည်။

ဆောင်ရွက်နိုင်ခြင်း မရှိသည့် စက်သုံးဆီဆိုင်များကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထိုက်သင့်သည့် အရေးယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာထားသည်။

နစက ကောင်စီက စက်သုံးဆီ ပြတ်လပ်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဆီသိုလှောင်ကန်များတွင် အရံဆီ ဇွန်လ ၁၆ ရက်အထိ ရှိနေသေးကြောင်း နစက ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...