သမိုင်းဝင် ပင်လုံမြို့၌ ခိုးယူမှုဆက်တိုက်ဖြစ်ပွား၊ ပြည်သူများ လုံခြံုရေးစိုးရိမ်

သမိုင်းဝင် ပင်လုံမြို့၌ ခိုးယူမှုဆက်တိုက်ဖြစ်ပွား၊ ပြည်သူများ လုံခြံုရေးစိုးရိမ်
by -
သျှမ်းသံတောဆင့်
ရှမ်းပြည်တောင်ပိုင်း သမိုင်းဝင်ပင်လုံမြို့၌ ခိုးယူမှု ဆက်တိုက်ဖြစ်ပွားနေပြီး မြို့တွင်းအပြင် ဆင်ခြေဖုံးရွာများတွင် ဒေသခံလူထုမှလုံခြံုရေး အထူးစိုးရိမ်နေရကြောင်း သိရှိရသည်။

“ခိုးတာတွေ နှစ်ရက်ခြားတစ်ခါ ဖြစ်နေတယ်။ မနေ့ မွန်းလွှဲပိုင်းက ပိဋိကတ်ကျောင်းကို ဝင်ခိုးတာ ကျပ်သိန်း ၃၀ ပါသွားတယ်။ အဲဒီပိုက်ဆံတွေက စာသင်ကိုယ်ရင်တွေ ဦးဇင်းဆီမှာ လာအပ်ထားတဲ့ ငွေတွေ။ သုံးဖို့လိုအပ်တဲ့အခါ ပြန်လာထုတ်ကြတယ်။ CCTV နဲ့ ရိုက်ထားတာတော့ရှိတယ်။ ရဲတွေ လာကြည့်ပြီး ဓာတ်ပုံရိုက်သွားပြီ။ အခု ပင်လုံမှာ လူပေါင်းစုံဆိုတော့ ဘယ်သူဆိုတာ မသိဘူး” ဟု ပိဋိကတ်ကျောင်းဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

ဩဂတ်စ်လ ၂ ရက်နေ့ ပိဋိကတ်ကျောင်းတိုက်တွင်လည်းကောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့ ပင်လုံမြို့ ဆင်ခြေဖုံးရွာ ပန်မုံ့ရွာတွင်လည်းကောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့ မွေတော်ကျောင်းတွင် လည်းကောင်း အခိုးခံရမှု ဖြစ်ပွားခဲ့သည်ဟု ပြောပါသည်။

“ဘုန်းကြီးကျောင်းပါမကျန် ခိုးယူနေတယ်ဆိုတော့ လုံခြံုမှုက တော်တော်လေး ပျက်စီးနေပြီ။ မွေတော်ကျောင်းမှာ လာခိုးတုန်းကတော့ ၄ သိန်းကျော် ပါသွားတယ်။ ပန်မုံ့ရွာမှာက ရွှေ ၅ ကျပ်သားနဲ့ ပိုက်ဆံ ၂ သိန်းပါသွားတယ်။ ကျနော်တို့ မသိတဲ့ အသေးအမွှား အခို်းခံရတာတွေလည်း ရှိမှာပဲ” ဟု၄င်းက ပြောပါသည်။

ပင်လုံမြို့တွင် မူးယစ်ဆေးဝါးပေါများသည့်အလျောက် လူကြီးအပါအဝင် လူငယ်အများစုကလည်း မူးယစ်ဆေးဝါးသားကောင်များ ဖြစ်နေကြကြောင်း၊ ငါးမန်း ကုံးကင်း ဖဲဝိုင်း စသည့် လောင်းကစား ဝိုင်းများလည်း ပေါများကြောင်း ပင်လုံမြို့လူငယ် စိုင်းနောင့်က ပြောပါသည်။

“လူငယ်တွေ တော်တော်များများ ဘိန်းစွဲနေကြပြီ။ အဲဒါကြောင့် ခိုးမှုတွေ တနေ့တခြား များများလာတယ်။ အိမ်ကို သော့ခတ်ပြီး အပြင်သွားလို့ မရတော့ဘူး။ တယောက်ယောက်ရှိနေမှရတယ်။ လုံခြံုရေးကတော့ တော်တော့ကို ညံ့ဖျင်းနေပြီ။ မြို့အုပ်ချုပ်ရေးမှူး၊ ရဲတွေမှာ တာဝန်ရှိတယ်လေ။ သူတို့ အလုပ်မလုပ်ဘူးလား။ နောက် လောင်းကစားဝိုင်းကလည်းများ။ ဒီလိုဖွင့်နိုင်ဖို့ အာဏာပိုင်က ခွင့်မပြုရင်တော့ ဖွင့်နိုင်မှာလားပေါ့။ မေးစရာဖြစ်လာတယ်။”

ထို့အပြင် ပင်လုံမြို့ဈေးအနောက်ဘက်ရှိ ဆိုင်ခန်းတစ်ခန်းသို့ အမျိုးသမီး ၃ ဦး ဝင်ရောက်ကာ ငွေကျပ်ကိုးသိန်းခွဲ ယူဆောင်သွားသည့် ဖြစ်ရပ်လည်း မကြာသေးခင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေသခံများ ပြောဆိုချက်အရ ဆိုင်ရှင်အားတို့ဆေးတို့ပြီး ငွေကြေးများ ယူဆောင်သွား ခြင်းဖြစ်သည်ဟု ဆိုပါသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...