စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်လာပါက အဝေးပြေးယာဉ်လိုင်းများ ရပ်နားမည်

စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်လာပါက အဝေးပြေးယာဉ်လိုင်းများ ရပ်နားမည်
ဓါတ်ပုံ - မော်လမြိုင်အဝေးပြေးယာဉ်ရပ်နားစခန်း
ဓါတ်ပုံ - မော်လမြိုင်အဝေးပြေးယာဉ်ရပ်နားစခန်း

စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာပါက မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းများ ရပ်နားရ‌တော့မည် ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ကိုင်သူများထံက သိရသည်။

လက်ရှိတွင် ကုန်ပစ္စည်းကိုသာ အဓိကထား တင်ဆောင်နေရပြီး စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာ ခြင်းကြောင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။

"စက်သုံးဆီဈေးနှုန်းက ပြန်ပြီးတော့ မြင့်တက်လာတော့ ကျနော်တို့ကားတွေက ဆွဲရတဲ့အခါ အခက်အခဲတွေ ဖြစ်လာတယ်။ အခက်အခဲကတော့ တော်တော်ဖြစ်တယ် အမ။ ဒီလောက်ထိ ကျနော်တို့က ဘယ်လောက်ထိ တောင့်ခံနိုင်ဦးမလဲ ကျွန်တော်တို့က ကြည့်နေတာ။ အခြေအနေ မကောင်းရင် ကျနော်တို့က ရပ်မှာ"ဟု ၎င်းက ပြောသည်။

လမ်းခရီးတွင် အစစ်ဆေးများခြင်း၊ မှတ်ပုံတင်မူရင်းရှိမှသာ လက်မှတ်ရောင်းချခွင့်ရခြင်းများကြောင့် ခရီးသည် ရရှိမှု နည်းလာပြီး ယာဉ်လိုင်းများ ငွေကြေးခက်ခဲလာကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်း ၉၅ တစ်လီတာ ၂၃၃၀ ကျပ်၊ ၉၂ တစ်လီတာ ၂၂၄၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၅၄၅ ကျပ် နှင့် ပရီမီယမ် တစ်လီတာ ၂၅၇၅ ကျပ် ဈေးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ၉၅ တစ်လီတာ ၂၃၄၀ ကျပ်၊ ၉၂ တစ်လီတာ ၂၂၂၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၃၆၀ ကျပ် နှင့် ပရီမီယမ် တစ်လီတာ ၂၃၃၀ ကျပ် ဈေးရှိခဲ့သည်။

နစက ကောင်စီဘက်မှ ကုန်ပစ္စည်းတင်ပို့မှုကို ကန့်သတ်လိုက်သောကြောင့် ကားပြေးဆွဲရာမှာ တွက်ချေမကိုက် ဖြစ်လာကြောင်း အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ကျနော်တို့က ကုန်ပစ္စည်းကို အားကိုးတယ်။ ကုန်ပစ္စည်းအဓိက တင်တယ်ပေါ့။ အခုက ကုန်ပစ္စည်းတွေကို ကန့်သတ်ထားတော့ ပစ္စည်းတွေလည်း လျော့လာတယ်လေ။ ကားတစ်ခါသွားမယ်ဆိုရင် ဆီဖိုးနဲ့က တွက်ချေမကိုက်တော့ဘူး။ ရေရှည် ဒီ‌ဆီဈေးနဲ့ဆို နားရတော့မှာပေါ့"ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးကို ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း ၇၃ လိုင်းရှိပြီး ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ၃၁ လိုင်း ရှိကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့်ကာလအတွင်း ရပ်နားလိုက်သည့် ယာဉ်လိုင်း ၂၀ကျော် ရှိနေကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...