မော်လမြိုင် နည်းပညာတက္ကသိုလ် ဆရာ/မများ ဖဲကြိုးပြာလှုပ်ရှားမှုပြုလုပ်

မော်လမြိုင် နည်းပညာတက္ကသိုလ် ဆရာ/မများ ဖဲကြိုးပြာလှုပ်ရှားမှုပြုလုပ်
by -
ရူပါပုလဲ/ မွန်သတင်းအေဂျင်စီ
မော်လမြိုင် နည်းပညာတက္ကသိုလ် ဆရာ/မများ ဖဲကြိုးပြာလှုပ်ရှားမှု(photo: Internet)
မော်လမြိုင် နည်းပညာတက္ကသိုလ် ဆရာ/မများ ဖဲကြိုးပြာလှုပ်ရှားမှု(photo: Internet)
လုပ်ငန်းခွင်တစ်ခုအတွင်း တန်းတူညီမျှစွာရာထူးမတိုးပေးသည့်အတွက် မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ (၆၀) ဦး ကျော်တို့က သြဂုတ်လ ၁ ရက်နေ့တွင် နည်းပညာတက္ကသိုလ်ကျောင်းရှေ့၌ ဖဲကြိုးပြာရင်ထိုးများတပ်ဆင်၍ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ TU ဘက်က BE သမားတွေကို လက်ထောက်ကထိကနဲ့ဘဲ ပြီးမယ်လို့ သတ်မှတ်ထားပြီးသား ဝန်ကြီးဌာနတူ ဦးစီးဌာနတွေဘဲ ကွဲသွားတာ BE သမားတွေကို အခြားဌာနမှာကျတော့ ကထိကထိပို့ပေးတာ TU မှာကျတော့ လက်ထောက်ကထိကနဲ့ဘဲ ရပ်ထားတယ်”ဟု မော်လမြိုင်နည်းပညာတက္ကသိုလ် လက်ထောက်ကထိက ဒေါ်အေးစုသူသူက ဆိုသည်။

မြန်မာနိုင်ငံအနှံ့ရှိ နည်းပညာတက္ကသိုလ်နှင့်ကွန်ပျူတက္ကသိုလ်က ဆရာ/ဆရာမများအားလုံးအတွက် ဦးစီးဌာန မတူသော်လည်း ဝန်ကြီးဌာနတစ်ခုတည်းအောက်မှာ တည်ရှိနေသောကြောင့် တန်းတူညီမျှစွာ ရာထူးတိုးပေးရန် အတွက်လှုပ်ရှားရခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“သူများတွေတိုးလို့ ကိုယ့်ကိုတိုးပေးရမယ်လို့ အဲလိုတော့မဟုတ်ဘူး၊ မူပေါ့ ဒီပညာအရည်အချင်းအရ ဒီလုပ်သက်ကို ဘယ်လောက်နဲ့တိုးမှာလဲ၊ တိုးမယ်ဆိုရင်အကုန်လုံးတန်းတူအခွင့်အရေးပေးပေါ၊့ ဘယ်ဝန်ထမ်းမဆို ဒီလိုမျိုးတန်းတူအခွင့်အရေးကို ရစေချင်တာ”ဟု မြန်မာစာဌာန(သရုပ်ပြ) ဦးအောင်ကိုဝင်းက ပြောသည်၊၊

ဥပဒေအရ ရာထူးတိုးပေးရမည့်သတ်တမ်း သတ်မှတ်ပေးထားသော်လည် ၄င်းအခွင့်အရေးကို ဆောင်ရွက်ပေးခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။

“လက်ထောက်ကထိက ၃ နှစ်ပြီးရင် ကထိက တင်ပေးမယ်လို့ပြောတာ၊ အခုကျမ လက်ထောက်ကထိက လုပ်သက်က ရ နှစ်နှင့် ၁ လ ရှိပြီ၊ ဟိုဌာနမှာကျတော့ ကျမနဲ့လုပ်သက်တူ M.E အပတ်စဉ်အတူတူ Ph.D လဲ အပတ်စဉ်အတူတူဘဲ သူတို့က ကထိကဖြစ်နေပြီတော့ ကိုယ်ကလက်ထောက်ကထိကနဲ့ ကျန်ခဲ့တယ်”ဟု မော်လမြိုင်နည်းပညာတက္ကသိုလ် လက်ထောက်ကထိက ဒေါ်ယဉ်မွန်ဆွေက ပြောသည်။

ဖဲကြိုးပြာလှုရှားမှုသည် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ တောင်ကြီး၊ ပုသိမ်စသည့် မြန်မာနိုင်ငံအနှံ့အပြားရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များမှထောင်နှင့်ချီသော ဆရာ/မများ နိုင်ငံတဝန်း ဖဲကြိုးပြာလှုပ်ရှားမှုကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်လိုက်ခြင်း ဖြစ်သည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...