မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း

မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း

ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် နမ့်စီးအောင်ကြားလမ်းပိုင်း ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ အားလုံး ပြန်ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မိုးညှင်း နှင့် နမ့်စီးအောင် လမ်းပိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ နောက်ပိုင်း စစ်တပ် စစ်ဆေးရေးဂိတ် ၄ ခုအထိ ထပ်တိုးလာခဲ့သော်လည်း ယခု ပြန်လည်ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း မော်ဟန် ကျေးရွာနေ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“မိုးညှင်း-နန့်စီးအောင်လမ်းပိုင်းကတော့ အခုအေးဆေးပဲဗျ ဂိတ်တွေလည်းမရှိတော့ဘူး သိမ်းသွားပြီ။ သိမ်းသွားတာ နည်းနည်းကြာပြီ။ အခုက နန့်စီးအောင်ဂိတ်တစ်ခုထဲပဲရှိတော့တယ်။ အားလုံးကို တစ်ပြိုင်နက်ထဲ သိမ်းသွားတာ အခုကတော့ သွားတာ လာတာလည်း ချောချောမွေ့မွေ့ပဲ စစ်ဆေးရေးဂိတ်တွေ မရှိတော့” ဟု မော်ဟန်ကျေးရွာနေ အမျိုးသားတစ်ဦး ပြောသည်။

ယခု ရုပ်သိမ်းသွားသည့် စစ်ဆေးရေးဂိတ် ၄ ခုသည် မိုးညှင်း နန့်စီးအောင် လမ်းပိုင်းရှိ စစ်တပ် နှင့် နီး စပ်သည့် နေရာများတွင် ချထားခဲ့ပြီး မေလ ဆန်းပိုင်းကတည်းက ရုပ်သိမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘာလို့ သိမ်းသွားတာလဲတော့ မသိရဘူး။ အဲ့ဂိတ်တွေ ရှိတုန်းကတော့ ဆိုင်ကယ်တွေတော့ မစစ်ဘူး ကားတွေကတော့ ရပ်တန့်စစ်ဆေးတာမျိုးလုပ်တယ် ပစည်းတွေ စစ်တယ်” ဂိတ် မရုပ်သိမ်းမှီ ဖြတ်သန်းသွားလာဖူးသည့် ခရီးသည်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များ မကြာခဏ တိုက်ခိုက်ခံရပြီး လွန်ခဲ့သည့် မတ်လတွင်လည်း နမ့်စီးအောင် စစ်ဆေးရေးဂိတ်နှင့် မြစ်ကြီးနားမြို့ အထွက် ၂၁ မိုင် ဂိတ်တို့ တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သားများ သေဆုံးမှု ရှိခဲ့သည်။

သို့သော်လည်း စစ်ကောင်စီတပ်များနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များသည် ပြည်နယ်အတွင်း နေရာအချို့တွင် စစ်အင်အားတိုး‌နေသည့်အပြင် စစ်ဆေးရေးဂိတ်များတိုးချဲ့ကာ အကောက်အခွန်နဲ့စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေကြောင်း ဒေသအသီးသီး ပြည်သူများ၏ ပြောဆိုမှုမှတဆင့် သိရသည်။

Most read this week

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...