လေဆင်နှာမောင်းတိုက်၊ အိမ် ၉၀ ကျော် ပျက်စီး

လေဆင်နှာမောင်းတိုက်၊ အိမ် ၉၀ ကျော် ပျက်စီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်အလုံးရေ ၉၀ ကျော် ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများနှင့် လူမှုကယ်ရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။

မေလ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင် အချိန်ခန့်က အလှပ်ကျေးရွာတွင် တိုက်ခတ်သွားသည့် လေဆင်နှာ မောင်းကြောင့် လုံးဝ ပြိုကျပျက်စီးသွားသည့် အိမ်အချို့လည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

”အခြေအနေတော်တော် ဆိုးပါတယ်။ ဘုန်းကြီးကျောင်း အပါအဝင် အိမ် ၉၀ ကျော် ထိခိုက်ပျက်စီးမှုရှိတယ်။ လုံးဝ ပျက်စီးသွားတဲ့ အိမ်ကတော့ ၅  လုံးလောက်ရှိတယ်” ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နေအိမ်အများစုသည် အမိုးလန်၊ အမိုးပေါက် သွပ်ပြားလွှင့်စင်၊ အိမ်တစ်ပိုင်းတစ်ပျက် ပါသွားသည်များ အပြင် တစ်အိမ်လုံး ယိုင်သွားသည် အိမ်များလည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

လေဆင်နှာမောင်းကြောင့် တစ်ရွာလုံးတွင် မထိခိုက်သည့် အိမ်မရှိသလောက်ပါဘဲဟု ရွာခံတစ်ဦးက ပြောသည်။

”ဖြစ်သွားတာက ၁၂ နာရီ ကျော်ကျော်အချိန်မှာ မိုးလည်းမရွာဘူး လေက နဲနဲတိုက်နေရင်းကနေ ဝုန်းဆိုပြီး တချက်တည်းနဲ့ အကုန်ပါသွားတာ။ ၂ မိနစ်လောက်ပဲ ကြာတယ်။ လွတ်တဲ့အိမ် မရှိသလောက်ပါပဲ” ဟု အလှပ် ကျေးရွာက ရွာခံတစ်ဦးက ပြောသည်။

လေဆင်နှာမောင်းကြောင့် လူထိခိုက်သေဆုံးမှုမရှိဘူးဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီ ရှင်းလင်းလျက်ရှိသည်။

ထို့အပြင် မေလ ၂၀ ရက်နေ့က တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် ပေါင်မြို့နယ်အပါအဝင် မွန် ပြည်နယ် တစ်ပြည်နယ်လုံးတွင် လူသေဆုံးမှုရှိခဲ့သည့်အပြင် နေအိမ် အဆောက်အဦ ရာနှင့်ချီ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...