ထားဝယ်တွင် ကျောင်းဆရာဟောင်းတစ်ဦး ပစ်သတ်ခံရ

ထားဝယ်တွင် ကျောင်းဆရာဟောင်းတစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဧကနိကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကို ထောက် ခံသူ ကျောင်းဆရာဟောင်းတစ်ဦး ပစ်ခတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။

မေလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က အသက် ၄၅ နှစ် အရွယ်ဝန်းကျင် ဦးမောင်ဦးဆိုသူသည် ဧကနိ ကျေးရွာအရှေ့လမ်း၊ ရွာအလယ်ပိုင်းတွင် နေထိုင်ကာ အလယ်တန်းပြ ကျောင်းဆရာဟောင်းတစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။

အသက် ၅၀ ခန့် အရွယ် ရွာသားတစ်ဦးက “သေနတ်သံ ၅ ချက်လောက် ဆက်တိုက် ကြားရတယ်။ သွားတော့ မကြည့်ရဲဘူး” ဟု ပြောသည်။

နေအိမ်တွင် ရှိနေချိန် ဆိုင်ကယ်စီး လူငယ်အမျိုးသား နှစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ သဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ဦးမောင်ဦးဆိုသူ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက သေဆုံးသူ၏ အိမ်ကို လာရောက်ကြည့်ရှု စစ်ဆေးမှုမျိုး မရှိဘူးဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ဦးမောင်ဦးသည် ပြည်ခိုင်ဖြိုးပါတီဘက်က ထောက်ခံ အားပေးကာ စည်းရုံးရေးတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်ဟု သိရသည်။

မေလ ၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင်လည်း ဧကနိကျေးရွာတွင် အသက် ၅၅ နှစ် အရွယ် ဦးကြည်စိုး ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...