ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ် ဟားခါးမြို့တွင် ပညာရေးဌာနနှင့် အခွန်ဦးစီးဌာနက ဦးစီးအရာရှိအဆင့်ရှိသည် ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဟားခါးမြို့ ပြည်နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိဖြစ်သူ ဒေါ်ဝုန်းဟွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော်တို့ ၂ ဦးကို CDF တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ယမန်နေ့နံနက်ပိုင်း ၁၁ နာရီခန့်က ရုံးတက်နေစဉ်မှာ အဖမ်းခံခဲ့ရသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။

“CDF တွေကို အားပေးထောက်ခံလို့ လူမှုကွန်ယက်မှာလည်း မဟုတ်မမှန် သတင်းတွေလွှင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံရတာလို့သိရတယ်၊ မနေ့ကနံနက်ပိုင်း ၁၁ နာရီလောက်မှာ သူတို့ရုံးခန်းမှာသွားဖမ်းတာ" ဟု ဟားခါးမြို့ဒေသခံကပြောသည်။

၎င်းတို့ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရပဲ မိသားစုဝင်များနှင့်လည်း ယခုချိန်ထိအဆက်အသွယ်မရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ဖလမ်းမြို့က CDM ပြုလုပ်ထားသော ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်ထိန်းသိမ်းကာ ခံဝန်ကတိဖြင့်ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဝန်ထမ်းအများစုသည် CDM ပြုလုပ်ခဲ့ကြရာ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် CDM ပြုလုပ်မှု အားအကောင်းဆုံးပြည်နယ်ဖြစ်သည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...