မြန်မာ့ပို့ကုန် သစ်သီးကားများ စစ်ဆေးမှု တရုတ်ဘက် မှ ဖြေ‌လျှော့ပေး

မြန်မာ့ပို့ကုန် သစ်သီးကားများ စစ်ဆေးမှု တရုတ်ဘက် မှ ဖြေ‌လျှော့ပေး

မြန်မာ- တရုတ်နယ်စပ် မူဆယ် ကျင်စန်းကျော့ – မန့်မိုင်(ဝမ်တိန်)မှ တရုတ်ဘက်သို့ တင်ပို့နေသည့် သစ်သီးကားများအား စစ်ဆေးမှု ၄ နေရာထိ ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များမှ သိရသည်။

ယခင် ဖရဲ၊ သခွားသီးများကို စစ်ဆေးရာ နေရာ ၈ နေရာ၊ သရက်သီးကားများ စစ်ဆေးရာနေရာသည် ၁၀ နေရာထိ ရှိခဲ့သော်လည်း မေလ ၂၂ ရက်နေ့မှစကာ တရုတ်ပြည်ဘက်မှ ၄နေရာထိ လျော့ချပေးခဲ့ကြောင်း သိရသည်။

“ခု စစ်ဆေးတဲ့နေရာဖြေလျှော့ပေးလိုက်တာ ၄ နေရာပဲ ကျန်တော့တယ်” လို့ ကုန်သည် ၁ ဦးက ပြောပါတယ်။

ယခုလို သစ်သီးကားများစစ်ဆေးသည့် နေရာဖြေလျှော့ပေးလိုက်တဲ့ သစ်သီးများ ပို့ဆောင်ရာမှာ ယခင်ထက် ပိုမိုမြန်ဆန်လာနိုင်ကြောင်း ကုန်သည်များက ဆိုသည်။

ဒါ့အပြင် သစ်သီးကားများတွင် အသီးများမှလွှဲကာ ကျန်ပစ္စည်းတွေ သယ်ဆောင်ခွင့်ပိတ်ထားကြောင်း သိရသည်။

“အသီးကားမှာ တစ်ခြားကုန်တွေမတင်ရဘူး။ ပါလာရင် တရုတ်ဘက်စစ်ဆေးရေးအထပ်ထပ် နဲ့ စစ်ဆေးတယ်။ အခြားပစ္စည်းတွေပါရင် ကားကိုသွားခွင့်မပေးဘူး အဲကြောင့် မေလအတွင်းမှာ တရုတ်ကာစတန်က ဖရဲကား ၁ စီး ဖမ်းထားပြီး သရက်သီးကား ၁ စီး လည်း ထိန်းသိမ်းခံခဲ့ရပြီးပြီ” လို့ ကုန်သည်တစ်ဦးကပြောသည်။

မြန်မာဘက်က အသီးတင်ပို့မှုသည် စစ်ဆေးရေးဂိတ်များသည့်အတွက် အခက်အခဲတွေ ရှိလာသည့်အတွက် ယခုလို ပြန်လည် ဖြေလျှော့ ပေးလာခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...