ကလေးမြို့တွင် မီတာခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

ကလေးမြို့တွင် မီတာခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြုခ (မီတာ) အခွန်ဆောင်ကြရန် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း လိုက်လံပြောဆိုနေပြီး အကယ်၍ သတ်မှတ်ချိန်အတွင်း မပေးဆောင်ပါက မီးဖြတ်မည်ကို ခြိမ်းခြောက်မှုလည်းရှိနေသည်ဟု သိရသည်။

ချင်းလူမျိုးအများစုနေထိုင်ကြသည့် ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် လွန်ခဲ့သည့် ၃ ရက်ခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များသည် RPG အပါအဝင် လက်နက်အပြည့်အစုံကိုင်ဆောင်ကာ လူနေအိမ်များသို့ဝင်ရောက်ကာ မီတာခပေးဆောင်ကြရန် ပြောဆိုနသည်ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

“တာဟန်းရပ်ကွက်ဘက်ကို သူတို့တွေလာတာ ၃ ခါလောက်ရှိသွားပြီ၊ စစ်သားတွေလက်နက်အပြည့်အစုံနဲ့ RPG လိုလက်နက်ကြီးလည်းထမ်းလာကြတယ်၊ မီတာဘောက်တပ်ထားတဲ့အိမ်တွေကို တအိမ်ဝင်တအိမ်ထွက်လုပ်နေတယ်၊ အဲဒီမှာ အိမ်ရှင်တွေကို လျှပ်စစ်ရုံးကိုလာပြီး မီတာခပေးဆောင်ကြဖို့ပြောတယ်၊ တချို့အိမ်တွေဆို လာပြီးမပေးဆောင်ရင် မီးဖြတ်မယ်ဆိုပြီးခြိမ်းခြောက်တာတွေရှိတယ်" ဟု တာဟန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်အပြည့်အစုံဖြင့် လူနေအိမ်များသို့ဝင်ရောက်ကာ ယခုကဲ့သို့ ပြုမူဆောင်ရွက်နေသည့်အတွက် ရပ်ကွက်နေပြည်သူများသည်လည်း စိုးရိမ်ထိပ်လန့်နေကြသည်ဟု သိရသည္။

“ကျမတို့အိမ်ကို သူတို့လာတော့ မီတာစာရွက် ၆ လာတာအတွက်လာပေးတယ်၊ သတ်မှတ်ချိန်အတွင်းမှာ လျှပ်စစ်ရုံးကို အခွန်လာမဆောင်ဘူးဆိုရင် မီးဖြတ်ပစ်မယ်ဆိုပြီးပြောသွားတယ် ကျမတို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်၊ တကယ်မီးဖြတ်ခံရမှာလည်းစိုးရိမ်ရတယ်လေ" ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။

ကလေးမြို့တွင်  တစ်ရက်လျှင်ပျမ်းမျှအားဖြင့် လျှပ်စစ်မီး ၇ နာရီခန့်သာ ရရှိကြပြီးလျှပ်စစ်မီး ပုံမှန်မရရှိသည်မှာ  လနှင့်ချီရှိသွားပြီဖြစ်သည်ဟု တာဟန်းဒေသခံများက ပြောသည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...