မြစ်ကြီးနား ရပ်ကွက် ၈ ခုက အုပ်ကြီးများ နှုတ်ထွက်စာတင်

မြစ်ကြီးနား ရပ်ကွက် ၈ ခုက အုပ်ကြီးများ နှုတ်ထွက်စာတင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက် (၈) ရပ်ကွက်က အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် မြို့နယ်  အုပ်ချုပ်ရေးမှူးထံ စာတင်ထားသည်ဟု သိရသည်။

မေလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ကျန်းမာရေးကောင်းမွန်မှု မရှိခြင်းနှင့် မိသားစု စီးပွားရေး အခက်အခဲများကြောင့် အုပ်ချုပ်ရေးမှူး တာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် စာတင်ထားသည်ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးအချို့ က ပြောသည်။

အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက “ငါတို့က မြို့နယ်အုပ်ချုပ်ရေးမှူးကိုတော့ စာတင်ထားပြီ နောက် ထပ် တခြား ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေလည်း ထပ်ပြီးနှုတ်ထွက်သွားဖို့တော့ ရှိသေးတယ်" ဟု ပြောသည်။

အုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးကြောင့် ရပ်ကွက်(၈) ရပ်ကွက်က အမည်စာရင်းများကို ထုတ်ဖော်ပြောပြရန် ငြင်းဆိုခဲ့ပြီး မြစ်ကြီးနားမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု စုစုပေါင်း ၆၀ ရှိသည်ဟု သိရသည်။

မေလ ၁၄ ရက်နေ့က ကျေးလက်ဒေသ အားလုံးမှ စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများအားလုံး မိမိဆန္ဒဖြင့် လက်ရှိထမ်းဆောင်နေသည့် တာဝန် များမှ နှုတ်ထွက် ရပ်နားကြရန် ခရိုင် ၄ ခရိုင်အတွင်းရှိ KIO ခရိုင်ရုံး အသီးသီးက သတိပေးစာထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ၅ ရက်အကြာတွင် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက် (၈) ရပ်ကွက်က အုပ်ချုပ်ရေး မှူးများ နှုတ်ထွက်ရန် စာတင်လာကြခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဟူးကောင်း၊ တနိုင်း၊ ရှင်ဗွေယာန် စသည့် KIO ခရိုင်အုပ်ချုပ်ရေးရုံး အသီး သီးက စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်နေကြသည့် ဝန်ထမ်းများကို ရာထူးတာဝန်များမှ နုတ်ထွက် ကြရန် မေလ ၁၄ ရက်နေ့တွင် KIO က အသိပေးတိုက်တွန်းချက် ထုတ်ပြန်လိုက်ရာ ဝန်ထမ်းများအပြင် ဒေသခံ များက စိုးရိမ်နေကြသည်။

KIO ခရိုင်ရုံး ၄ ခုက ထုတ်ပြန်ချက်ထဲတွင် တာဝန်အသီးသီးမှ နုတ်ထွက်ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီ လက် အောက်တွင် ဆက်ပြီး တာဝန်ထမ်းဆောင် ကြမည်ဆိုပါက နောက်ဆက်တွဲ ဖြစ်လာမည့် ပြဿနာ အကျိုးဆက် များကို တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ထိုအကျိုးဆက်များအပေါ် မိမိကိုယ်တိုင်က တာဝန် ယူ ရမည်ဟု သတိပေးဖော်ပြထားသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...