အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၅ ထောင်ကျော်ရှိဟု ISP-Myanmar ထုတ်ပြန်

အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၅ ထောင်ကျော်ရှိဟု ISP-Myanmar ထုတ်ပြန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာရယူပြီးနောက်ပိုင်း နောက်ဆက်တွဲ ဖြစ်စဉ်များကြောင့် အရပ်သားသေဆုံးမှု ၅၆၄၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ISP-Myanmar ၏ မေလ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၎င်း သေဆုံးမှုများမှာ ဆန္ဒပြနေစဉ် ပစ်ခတ်ခံရမှု၊ သတင်းပေးဒလန်ဟု စွပ်စွဲခံရပြီး သတ်ဖြတ်ခံရမှု၊ လက်နက်ကိုင်ပဋိပက္ခကြောင့် သေဆုံးမှု စသဖြင့် သတ်ဖြတ်ခြင်းများကြောင်း သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်အထိ သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေ စုစုပေါင်း ၅,၆၄၆ ဦးထက်မနည်း ရှိခဲ့ပါတယ်။ အဲ့ဒီ ၅,၆၄၆ ဦးထဲမှာ ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ ၁,၈၃၁ဦး၊ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုချက်နဲ့ USDP ဥက္ကဌ ရဲ့ ပြောဆိုချက်တွေအရ သတင်းပေးဒလန်လို့ စွပ်စွဲခံရပြီးတော့ သတ်ဖြတ်ခြင်းခံရသူ ၃,၁၀၇ ဦး၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ ၆၉၀ ဦးနဲ့ သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းခံရသူ ၁၈ ဦးတို့ ပါဝင်ပါတယ်” ဟု ISP-Myanmar က ပြောသည်။

နိုင်ငံတဝန်း အရပ်သားသေဆုံးမှုများတွင် ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရခြင်းနှင့် ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ ၁,၈၃၁ ဦးရဲ့ ဒေသများမှ စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေ ၅၉၉ ဦးထက် မနည်းရှိခဲ့ခြင်းကြောင့် အရပ်သား သေဆုံးမှု အများဆုံးရှိခဲ့ကြောင်း ISP-Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရန်ကုန်တိုင်းတွင် ၂၈၃ ဦး၊ မန္တလေးတိုင်းတွင် ၂၈၁ ဦး၊ မကွေးတိုင်းတွင် ၁၆၁ ဦးနှင့် ပဲခူးတိုင်းတွင် ၁၄၃ ဦးရှိခဲ့ပြီး အရပ်သား သေဆုံးမှုနှုန်း မြင့်ခဲ့သည့် ဒေသများဖြစ်သလို ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အရပ်သား သေဆုံးမှု တဦးမှ ၈၂ ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းမှာ ပေါ်ပေါက်လာခဲ့သည့် သွေးသောက်အဖွဲ့နှင့် စွန်ရဲအဖွဲ့တို့က NLD ပါတီဝင်များနှင့် မိသားစုများ၊ PDF ကို ကူညီထောက်ပံ့ပေးနေသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အတွင်းမှာ သတ်ဖြတ်ခံရသူ အရပ်သား ဦးရေ ၁၈ ဦး ရှိခဲ့ကြောင်း ISP-Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...