ကျင်းစန်းကျော့ နယ်စပ်ဂိတ်မှ မြန်မာကုန်တင်ယာဉ်များ ပြန်လည် ဝင်ထွက်ခွင့်ပြု

ကျင်းစန်းကျော့ နယ်စပ်ဂိတ်မှ မြန်မာကုန်တင်ယာဉ်များ ပြန်လည် ဝင်ထွက်ခွင့်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင်းစန်းကျော့ မြန်မာ – တရုတ် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်သို့ မြန်မာကုန်တင်ယာဉ်များ ပြန်လည်ဝင်ထွက်ခွင့်ပြုပြီဖြစ်ကြောင်း ကုန်သည်တွေထံမှ သိရသည်။

မြန်မာ့အရှေ့မြောက်စီးပွားရေးတံခါးပေါက်၏ အဓိက ကုန်သွယ်ရာဂိတ်တခုဖြစ်သည့် ကျင်းစန်းကျော့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ မေလ ၁၆ ရက်နေ့မှစကာ မြန်မာကုန်ကားများအား ပြန်လည်ဝင်ထွက်ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း သိရသည်။

“မနေ့က မှ စဝင်ဖို့ မြန်မာ ကုန်ခြောက်ကား ၃ စီးတန်းထားတာ ပထမနေ့ ၆ စီး၊ ဒုတိယနေ့ ၁၁ စီး၊ မနေ့က မသိရသေးဘူး” ဟု ကုန်သည်တစ်ဦးကပြောသည်။

ယခုကဲ့သို့ မြန်မာကုန်တင်ကားများ တရုတ်ဘက်သို့ တိုက်ရိုက်အဝင်အထွက် ခွင့်ပြုလိုက်ခြင်းအားဖြင့် အဓိက မြန်မာကုန်သည်များအတွက် ကားခဈေးသက်သာကာ ပစ္စည်းပျက်စီးဆုံးရှုံးမူများလည်း လျော့နည်းလာမည် ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

မြန်မာ လုပ်ပ်ငန်းရှင် ၁ ဦးက “အရင် ပုံမှန်ဆိုရင် ကျင်စန်းကျော့ ရောက်ရင်တရုတ်ခေါက်တိုကား ငှားရတယ် ၁ စီးကို မြန်မာ ငွေ သိန်း ၁၀၀ ဝန်းကျင်ပေးရတယ် တရုတ်ငွေ ၃၀၀၀၀ ဝန်းကျင် ပေါ့။ မနေ့က ဆိုရင် ခေါက်တိုကားခ ကျသွားတယ်။ တရုတ်ငွေ ၈၀၀၀ ပဲ ရှိတော့တာ။ ကားခတွေ သက်သာတော့ ကုန်ဈေးနှုန်းပြန်ကျလာမှာပေါ့” ဟု ကုန်သည် ၁ဦးက ပြောသည်။

ကျင်းစန်းကျော့နှစ်နိုင်ငံကုန်သွယ်ရာဂိတ်အား တရုတ်နိုင်ငံဘက်မှ ကိုဗစ်အကြောင်းပြချက်ဖြင့် မြန်မာကုန်ကားများ အဝင်အထွက်ကို ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လ ၈ ရက်နေ့မှစ၍ ပိတ်ခဲ့ပြီး ၂၀၂၁ နိုဝင်ဘာလ ၂၆ ရက်နေ့မှစကာဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မြန်မာကားများ ဝင်ခွင့်မရပဲ  နယ်ခြားစည်းရိုး ဖြတ်ကျော်ရန် တရုတ်ခေါက်တိုကား ဈေးကြီးကြီးပေးငှားပြီး ခက်ခဲစွာကုန်သွယ်ခဲ့ရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...