မော်လမြိုင်မှ H1N1 သံသယရှိ လူနာတစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်

မော်လမြိုင်မှ H1N1 သံသယရှိ လူနာတစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်
by -
မင်းချမ်းညီ/မွန်သတင်းအေဂျင်စီ
အရေးပေါ်လူနာတင်ကား ပိုးသတ်ဆေးဖြန်း(photo: MNA)
အရေးပေါ်လူနာတင်ကား ပိုးသတ်ဆေးဖြန်း(photo: MNA)
ဇူလိုင် ၂၈၊ မင်းချမ်းညီ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဇာနည်အောင်အထွေထွေဆေးကုခန်း၌ H1N1 ဟု သံသယရှိ အသက် ၃၀ အရွယ်ဧည့်သည်အမျိုးသမီးလူနာတစ်ဦး တွေ့ရှိခဲ့ပြီး ယနေ့ဇူလိုင် ၂၈ ရက်နေ့ နေ့လည်အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။ “ကျွန်တော်တို့ မွန်ပြည်နယ်မှာ မဖြစ်သလောက်ပါပဲ။ ရန်ကုန်မှာကတည်းက ဖြစ်နိုင်ချေ ရှိတယ်လို့တော့ ထင်ပါတယ်။ ရန်ကုန်ကို ကျွန်တော်တို့လူနာတင်ယာဉ်နဲ့ ပို့လိုက်တယ်။ မြို့ထဲဝင်တော့ လမ်းပိတ်တာတို့၊ကြပ်တာတို့ရှိတဲ့အတွက် အမြန်လမ်းထိပ် အမှတ်(၃) လမ်းဆုံထိပ်မှာ ရန်ကုန်က K-Ambulance နဲ့ ဦးကျော်သူအဖွဲ့နဲ ချိတ်ဆက်ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။H1N1 သံသယ ရှိတယ်ဆိုလို့ ပိုးသတ်ဆေးတွေဖြန်း၊ ကျွန်တော်တို့ အဖွဲ့ဝင်တွေလည်း ဆေးစစ်တာတွေ လုပ်ရမှာပါ” ဟု လူနာကို လွှဲပြောင်းပေးခဲ့သည့် အေးမြကြည်လင် နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးသန်းနိုင်ထွန်းက ပြောသည်။ မွန်ပြည်နယ်တွင် အဆိုပါ အပြင်းစားတုပ်ကွေးကူးစက်ရောဂါ H1N1 Virus ပိုးနှင့် ပတ်သက်၍ လတ်တလော အသိပညာပေးမှုသာရှိပြီး ကြိုတင်ကာကွယ်ထားမှု မရှိသေးကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည် “လူနာကတော့ အဖျားကြီးတယ်။ ကိုယ်ပူရှိ်န်တွေကျတယ်။ အောက်ဆီဂျင် တောက်လျှောက်ပေးခဲ့ရတယ်။ ကျွန်တော်တို့က အဖျားရှိတယ်လို့ပဲ သိရတာ၊ ရန်ကုန်ဆေးရုံကြီးရောက်တော့ H1N1 သံသယလူနာဖြစ်နေတယ်။ ကျွန်တော်တို့ ကားတွေကို ပိုးသတ်ဆေးဖြန်း၊ သန့်ရှင်းရေး ပြန်လုပ်ထားတယ်။” နာရေကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ဦးရဲသွင်ထွဋ်က ပြောသည်။ ပြီးခဲ့သည့်ဇူလိုင်လ (၂၇) ရက်နေ့တွင် H1N1 ကြိုတင်ကာကွယ်ရေးအဖြစ် သာသနာနွယ်ဖောင်ဒေးရှင်း နှင့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မော်လမြိုင်အဝေးပြေးကားဝင်း၊ ဘူတာကြီးနှင့် လူစည်ကားရာနေရာများ၌ မျက်နှာဖုန်း Mask များ အခမဲ့ဝေငှပေးခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံ H1N1 ဖြစ်ပွားမှုမှာ ၂၀၀၉ ခုနှစ်တွင် (၁၄)ဦး၊ ၂၀၁၀ခုနှစ်တွင် (၂၃၂)ဦး၊ ၂၀၁၄ ခုနှစ်တွင် (၁၆၇)ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရပြီး လက်ရှိတွင် H1N1 ကူးစက်ရောဂါကြောင့် ၆ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...