မွန်ပြည်နယ် လွတ်တော်ဥက္ကဌ၏ သား ဖမ်းခံရ

မွန်ပြည်နယ် လွတ်တော်ဥက္ကဌ၏ သား ဖမ်းခံရ

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဟောင်း ဒေါ်တင်အိ၏ သားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ် ဆောင် သွားသည်ဟု နီးစပ်သူများက ပြောသည်။

လွတ်တော် ဥက္ကဌဟောင်း၏ သားဖြစ်သူ ကိုသဲဟိန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည် ဆိုသည့် စွပ်စွဲချက်နှင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

“PDF ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတယ်။ လက်ရှိမှာ စစ်ကြောရေးမှာ စစ်ဆေးခံနေရတယ်လို့ သိရတယ်။ ဘယ်လိုပုဒ်မ တပ်ခံရမလဲတော့ မသိဘူး” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

သံဖြူဇရပ် စစ်ကြောရေးတွင် စစ်ဆေးခံနေရသည့် ကိုသဲဟိန်းနှင့် မိသားစုဝင်များ ယနေ့အချိန်ထိ အဆက်အသွယ် မရရှိသေးဘူးဟု နီးစပ်သူတို့ထံမှ သိရသည်။

မေလ ၁၁ ရက်နေ့က ကိုသဲဟိန်းသည် ၎င်း၏ သံဖြူဇရပ်ရှိ နေအိမ်တွေ ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်း ဆီးသွားခြင်းဖြစ်သည်။

ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဟောင်း၏ သားဖြစ်သည် ကိုသဲဟိန်းသည် ရှေ့နေတစ်ဦးဖြစ်သည်။

ကိုသဲဟိန်း၏မိခင် ဒေါ်တင်အိသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၅ နှစ်ကြာ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါ်တင်အိသည် စစ်တပ်က အာဏာသိမ်းစတွင် ခေတ္တထိန်းသိမ်းခံရသော်လည်း လက်ရှိအချိန်ထိ သံဖြူဇရပ်မြို့ရှိ နေအိမ်တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...