ပင်းတယတွင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီး

ပင်းတယတွင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီး

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ပေါက်တောရပ်ကွက်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အမျိုးသား လွတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့်အတူ သားဖြစ်သူကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။

အသက် (၅၈) နှစ်အရွယ်ရှိ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးသည်  မေလ (၁၄) ရက်နေ့၊ ည (၁၀) နာရီဝန်းကျင် အချိန်ခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ညက သူတို့ကို ဝင်မဖမ်းခင် ပစ်ခတ်သံ အကျယ်ကြီး ကြားတယ်။ မနက် ရောက်တော့မှ အဖမ်းခံရမှန်း သိ တာ” ဟု ဒေါ်မမလေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး ဖမ်းဆီးခံရချိန်တွင် သူမ၏ သားဖြစ်သူ အသက် (၃၀) အရွယ်ရှိ ကိုနေမျိုးထက်လည်း ပါဝင်သည်ဟု နီးစပ်သူများက ဆိုသည်။

သားဖြစ်သူ ကိုနေမျိုးထက်မှာ သမဝါယမ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းစဉ် ကတည်းက CDM လုပ်ထားသူ ဖြစ်သည်ဟုလည်း သိရသည်။

၎င်းတို့သားအမိအား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရသေးဘူးဟု နီးစပ်သူများက ဆိုသည်။

ဒေါ်မမလေး သည် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ရှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်နှင့် ပင်းတယ မြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် နေရာအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) မှ အနိုင်ရ ထားသူဖြစ်ပြီး လက်ရှိ အချိန်အထိ မည်သည့် အကြောင်းကိစ္စဖြင့် ဖမ်းဆီးခံရသည်ကိုမူ မသိရသေးချေ။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...