KNC ပါတီဥက္ကဌ ဒေါက်တာ အမ်ကောန်လ အား ထပ်မံတရားစွဲဆိုမှုအပေါ် ပါတီက ကန့်ကွက်စာတင်

KNC ပါတီဥက္ကဌ ဒေါက်တာ အမ်ကောန်လ အား ထပ်မံတရားစွဲဆိုမှုအပေါ် ပါတီက ကန့်ကွက်စာတင်
ဓါတ်ပုံ - KNC ပါတီ Facebook
ဓါတ်ပုံ - KNC ပါတီ Facebook

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌဖြစ်သူ မြစ်ကြီနားမြို့တွင် ထပ်မံတရားစွဲဆိုခံထားရသည့် အမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ကန့်ကွက်စာတင်ထားသည်ဟု ပါတီ တာဝန်ရှိသူများက ပြောသည်။

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို တူညီသောပုဒ်မဖြင့် နေရာ နှစ်ခုတွင် တရားစွဲဆိုထားခြင်းသည် တရားမျှတမှု မရှိသောကြောင့် ကန့်ကွက်စာတင်ရခြင်းဖြစ်သည်ဟု KNC ပါတီ တွဲဖက် အတွင်းရေးမှူးဖြစ်သူ ဦးဘရန်အောင် က ပြောသည်။

“ကျနော်တို့ကတော့ ဒါ ပုဒ်မ ၅၀၅ (က) နဲ့ နေရာနှစ်နေရာ ပြောရမယ်ပေါ့နော်။ နှစ်နေရာမှာ ပုဒ်မ ၁ ခု ကို စွပ်စွဲ ထားတယ်ဆိုတော့ ကျနော်တို့က ဒါကို တရားမျှတမှုမရှိလို့ ယူဆတာကိုး။ ဆိုတော့ ကျနော်တို့ KNC ပါတီက လည်း ဒါကို ကျနော်တို့ ကန့်ကွက်ထားတယ်ဗျ။”

KNC ပါတီအနေဖြင့် နေပြည်တော်က တရားဥပဒေရေးရာနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများနှင့် အစိုးရရုံးများသို့ ဧပြီလ ဆန်းပိုင်းတွင် ကန့်ကွက်စာတင်ထားခဲ့ခြင်းသည် ဟု KNC ပါတီက ဆိုသည်။

ထို့အပြင် မြစ်ကြီးနားမြို့ရှိ ဌာနဆိုင်ရာသို့လည်း ကန့်ကွက်စာတင်ရန်အတွက် ဆက်လက်လုပ်ဆောင်နေသည် ဟု ဉီးဘရန်အောင်က ဆက်ပြောသည်။

“ကျနော်တို့ကတော့ ဒီတရားဥပဒေနဲ့ ဆိုင်တဲ့ဌာနတွေအားလုံးနဲ့ ဒီအစိုးရဌာနတွေကို လိပ်မူပြီးတော့ ပို့တယ်ဗျ။ နောက်တခေါက် ပြန်ပို့ဖို့ ရှိပါတယ် ကျနော်တို့တော့။ ဟိုတခေါက်ကတော့ ကျနော်တို့ နေပြည်တော်က ၅၀၅ ပုဒ် မနဲ့ ပတ်သက်ပြီးတော့ ပို့တာပါ။ ဒီတခေါက်ကကျတော့ မြစ်ကြီးနားမှာလည်း ဒီအစိုးရက ထပ်စွဲတဲ့ ၅၀၅ ကို ပုဒ်မ (က) နဲ့ ပေါ့နော်။ အဲဒါနဲ့ဘဲ တစ်ခါပြန်စွဲခံရတယ်။ ဒီတစ်ခါလည်း ကျနော်တို့ ပြန် အမှုနဲ့ဆက်စပ်ပြီး ကျနော်တို့ ကန့်ကွက်ဖို့ ရှိပါတယ်ဗျ။”



ဓါတ်ပုံ - KNC ပါတီ Facebook

ပုဒ်မတစ်ခုတည်းဖြင့် တရားစွဲဆိုခံရခြင်းသည် တရားမျှတမှု မရှိသည့်အတွက် ဆက်လက်ပြုလုပ်သွားမည်ဟု KNC ပါတီ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ပါတီဥက္ကဌ ဒေါက်တာ M ကောန်လသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက် စေ မှု ပုဒ်မ ၅၀၅-က ဖြင့် နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် မြစ်ကြီးနားမြို့တွင်လည်း အဆိုပါ ပုဒ်မဖြင့် ထပ်မံ တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ယခုနှစ် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ထပ်မံတရား ရင်ဆိုင်ရန်အတွက် မေလ ၉ ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက် ရှိလာခြင်း ဖြစ်သည်ဟု ပါတီတာဝန်ရှိသူများ က ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီးသန်းထိုက် က တရားလိုပြုလုပ်၍ မြစ်ကြီးနားမြို့ အမှတ် ၁ မြို့မ ရဲစခန်းတွင် စွဲဆိုထားသည့် အမှုကို ရင်ဆိုင်ရန် မေလ ၉ ရက်နေ့က မြစ်ကြီးနားမြို့သို့ လွှဲပြောင်းလိုက်ခြင်း ဖြစ် သည်။

ဒေါက်တာအမ်ကောန်လ ကို မြစ်ကြီးနားမြို့နယ် တရားရုံးတွင် လွဲပြောင်းမှု အစီအစဉ်ပြီးဆုံးပြီးနောက် မြစ်ကြီး နားမြို့ အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး မြစ်ကြီးနား အကျဉ်းထောင်ထဲတွင်နေ၍ ဒု-ဗိုလ်မှူးကြီး သန်းထိုက် က တရားလိုပြုလုပ်၍ စွဲဆိုထားသည့် အမှုကို ထပ်မံရင်ဆိုင်ရမည် ဖြစ်သည်။

သို့သော် အဆိုပါအမှုနှင့် ပတ်သက်၍ နောက်ထပ်ရုံးချိန်းကို မည်သည့်အချိန်၊ နေရာတွင် ထပ်မံ ပြုလုပ်မည်ကို တိတိကျကျ မသိရှိရသေးပေ။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...