တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

ကလေးမြို့ တာဟန်းရပ်ကွက် ၊ တာဟန်းစျေးအနီးKT ထမင်းဆိုင်အိမ်ပေါ်သို့ ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ခေါင်မိုးနှင့် အပေါ်ထပ် ပျက်စီးသွားခဲ့ပြီး အိမ်ရှင်အမျိုးသမီးနှင့် သမီးငယ်တို့၏ လက်မောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိကြပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။

“အိမ်ရှင်တွေက အိမ်အပေါ်ထပ်မှာအိပ်ကျတာ၊ သူတို့အိပ်တဲ့ကုတင်အနီး အိမ်ခေါင်မိုးပေါ်မှာ လက်နက်ကြီးက ကျလာတာ၊ အိမ်ပေါ်ထပ်ကတော့ တော်တော်လေးပျက်စီးသွားတယ်၊ ဘုရားကယ်လို့ပေါ့ လူမေသေတာ" ဟု တာဟန်းဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ည (မေလ ၁၀ ရက်) ၈ နာရီကျော်ကျော်ခန့်ကစ၍ ကလေးမြို့ စန်းမြို့၊ တာဟန်း၊ တောင်ဖီလာ စသည့်ရပ်ကွက်များတွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း တာဟန်းရပ်ကွက် နယ်မြေ ၁၂ The Methodist (Mission Veng) ဘုရားကျောင်းအနီး လူနေအိမ်မျက်နှာစာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...