အများပြည်သူ သိပိုင်ခွင့်အတွက် ဆက်လက်ဆောင်ရွက်သွားမည်

အများပြည်သူ သိပိုင်ခွင့်အတွက် ဆက်လက်ဆောင်ရွက်သွားမည်

သံလွင်တိုင်းမ်၏ ရည်ရွယ်ချက်မှာ သတင်းလွတ်လပ်ခွင့်အတွက် အကာ အကွယ်ပြုရန်နှင့် အများပြည်သူသိပိုင်ခွင့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်၊ မေလ (၇)ရက်နေ့ မော်လမြိုင်မြို့မှာ စတင်ခဲ့တဲ့ သံလွင်တိုင်းမ်သတင်းဌာနဟာ ယနေ့ ၂၀၂၂ ခုနှစ်၊ မေလ (၇)ရက်နေ့မှာ (၁၀)နှစ်တာ သက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

(၁၀)စုနှစ်တာ ကာလအတွင်း အဆင့်ဆင့်သော ဦးဆောင်မှုတွေကို လက်ဆင့်ကမ်းသယ်ဆောင်ရင်း သံလွင်တိုင်းမ်သတင်းဌာနရှင်သန်စေဖို့အတွက် ကြိုးပမ်းခဲ့ကြရပါသည်။

ပြည်နယ်အခြေစိုက်သတင်းဌာနတခုအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးရနှစ်ဆက်၊ အာဏာသိမ်းစစ်အုပ်စုလက်ထက်တို့တွင် မှေးမှိန်နေခဲ့သော သတင်းလွတ်လပ်ခွင့်တိုက်ပွဲအကြား အပြင်းအထန်ရုန်းကန်ချီတက်ခဲ့ရပါသည်။

အများပြည်သူတို့၏ သိပိုင်ခွင့်အတွက် လွတ်လပ်သော သတင်းဌာနများရှင်သန်နေစေရန် လိုအပ်သည်ဟူသော မူဝါဒကို စွဲကိုင်ပြီး သံလွင်တိုင်းမ်သတင်းဌာနလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှိုင်းများထဲတွင် နစ်တခါ ပေါ်တလှည့်ဖြင့် ရုန်းကန်ခဲ့ရပါသည်။

ရှားပါးသော ငွေကြေးအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပြင်းထန်သော သတင်းမီဒီယာဖိနှိပ်မှုအောက်တွင် သံလွင်တိုင်းမ်သတင်းဌာနရှင်သန်အောင် ရပ်တည်ခဲ့ကြသည့် သံလွင်တိုင်းမ်ဝိုင်းတော်သားအားလုံးကို လေးစားစွာ ဂုဏ်ပြုလိုပါသည်။

မြန်မာပြည်တောင်ပိုင်းဒေသ၏ သံလွင်တိုင်းမ်ပရိတ်သတ်များက သတင်းပေးပို့ခြင်း၊ အကြံပြုထောက်ပြခြင်းနှင့် ဝိုင်းဝန်းထိန်းကြောင်းခြင်းများကြောင့်လည်း သံလွင်တိုင်းမ်သတင်းဌာန ရပ်တည်နိုင်သည်ဖြစ်ရာ ပရိတ်သတ်တို့၏ ကျေးဇူးကိုလည်း လေးစားစွာ ဂုဏ်ပြုလိုပါသည်။

လက်ရှိတွင် သံလွင်တိုင်းမ်သတင်းဌာန တည်ထောင်သူတို့ မျှော်လင့်ထားသည့် သံလွင်တိုင်းမ်တီဗီအစီအစဉ်များ၊ သံလွင်တိုင်းမ်ရေဒီယိုနှင့် ကွဲပြားစုံလင်သော အစီအစဉ်များကို မြန်မာ၊ မွန်၊ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် နေ့စဉ်တင်ဆက်နေပြီဖြစ်ပါသည်။

ဆက်လက်ပြီး ပိုမိုခိုင်ခန့်ကာ သတင်းလွတ်လပ်ခွင့်၊ အများပြည်သူသိပိုင်ခွင့်အတွက် ဆောင်ရွက်နိုင်သော သတင်းဌာနတခုဖြစ်စေရေးအတွက် လက်ရှိသံလွင်တိုင်းမ်ဝိုင်းတော်သားများမှ ဆက်လက်ကြိုးပမ်းသွားကြမည်ဖြစ်ပါသည်။

(၁၀)နှစ်တာအတွင်း ရရှိခဲ့သော အားနည်းချက်၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို သင်ခန်းစာအဖြစ် မှတ်ယူပြီး လာမည့်ကာလများတွင် မြန်မာပြည်သူလူထုအတွက် လိုအပ်သော သတင်းများပေးပို့နိုင်သည့် ပြည်နယ်အခြေစိုက်သတင်းဌာနတခုအဖြစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံလွင်တိုင်းမ်၏ စာဖတ်ပရိတ်သတ်များထံ အသိပေးကြေငြာလိုပါသည်။

မြန်မာပြည်၏ ချွတ်ခြုံကျနေသော သတင်းလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် သံလွင်တိုင်းမ်၏ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲပြီး တိုက်ပွဲဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။



ဓါတ်ပုံ – သံလွင်တိုင်းမ်ဖြတ်သန်းခဲ့သည့် (၁၀)နှစ်တာခရီးစဉ်

Most read this week

Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...