လမိုင်းမြို့နယ်တွင် အိမ်သာကျင်းဆယ်သူ ၃ ဦး အောက်စီဂျင်ပြတ်က တစ်ဦးသေဆုံး

လမိုင်းမြို့နယ်တွင် အိမ်သာကျင်းဆယ်သူ ၃ ဦး အောက်စီဂျင်ပြတ်က တစ်ဦးသေဆုံး

မွန်ပြည်နယ် လမိုင်းမြို့ ဘူတာပိုင်းက မြို့မ အမှတ် ၁ ရပ်ကွက်၊ နေအိမ်တစ်အိမ်မှာ ၂၆ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် အိမ်သာကျင်းဆယ်သူ ၃ ဦးမှာ ကျင်းထဲတွင် အောက်စီဂျင်ပြတ်ပြီး လူ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

လမိုင်း ပရဟိတလူငယ်များအဖွဲ့ ၊ တာဝန်ရှိသူတဦးက " ကျွန်တော်တို့ အိမ်သာကျင်းထဲ ဆယ်ယူတဲ့ လူ ၃ ယောက်က ကျင်းထဲမှာတင် အောက်စီဂျင်ပြတ်ပြီး သတိလစ်နေတာပါ ဆေးရုံးရောက်မှာ ပထမဦးဆုံး ဆင်းသွားတဲ့ တစ်ယောက်က သေဆုံးခဲ့တယ်" ဟု ပြောသည်။

အိမ်သာကျင်းဆင်း ဆယ်သူ ၃ ဦးအနက် သေဆုံးသူ တစ်ဦးမှာ အသက် ၁၃ နှစ်ဖြစ်ပြီး ကျန် ၂ ဦးမှာ အသက် ၁၈နှစ် အမျိုးသားတစ်ဦးနှင့် အလုပ်ခေါင်းဆောင်ဖြစ်သူ ဦးစိုးအောင်တို့ကို အတွင်းလူနာအဖြစ် ကုသခံယူနေရကြောင်း သိရသည်။

ဦးစိုးအောင်တို့နှစ်ဦး အဆုတ်ထဲတွင် အညစ်ကြေးဝင်ခြင်းကြောင့် အသက်ရူကြပ်ကာ လမိုင်းဆေးရုံးမှ တစ်ဆင့် မော်လမြိုင်ပြည်သူဆေးရုံးကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အိမ်သာကျင်းဆယ်သူ ၃ ဦးက မုဒုံမြို့ ဇာတိဖြစ်ပြီး အိမ်သာကျင်းဆယ်အလုပ်ကို လမိုင်း၊ မောကနင်းကျေးရွာအတွင်း အသက်မွေးဝမ်းကြောင်းလုပ်ကိုင်လာသည်မှာ  ၃ နှစ်ကြာပြီ ဖြစ်ကြောင်း သိရသည်။

ယင်း အောက်ဆီဂျင်ပြတ်လပ်မှု ဖြစ်စဉ်မှာ လမိုင်းပရဟိတလူငယ်များအဖွဲ့၊ လမိုင်းမြို့ အစိုးရမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများအပါဝင် ရွှေဟင်္သာ လူမှုကူညီရေးအသင်း(မော့ကနင်း)တို့မှ ဝိုင်ဝန်းကူညီပေးခဲ့ကြောင်း သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...