တနင်္သာရီတိုင်းတွင် စစ်တပ်အင်အားတိုးချလာသည့်အတွက် တိုက်ပွဲဆက်ဖြစ်နိုင်ဟု KNU တပ်မဟာ(၄) အသိပေးထား

တနင်္သာရီတိုင်းတွင် စစ်တပ်အင်အားတိုးချလာသည့်အတွက် တိုက်ပွဲဆက်ဖြစ်နိုင်ဟု KNU တပ်မဟာ(၄) အသိပေးထား

တနင်္သာရီတိုင်းရှိ မြို့နယ်(၅)ခု၌ မြန်မာစစ်တပ်မှ အင်အားအများအပြားဖြင့် ထပ်မံတိုးချလာသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း KNU တပ်မဟာ(၄)မှ အသိပေးထားကြောင်း KNU သတင်းအရင်းအမြစ်ထံမှ သိရသည်။

တနင်္သာရီတိုင်းရှိ မြိတ်၊ တနင်္သာရီ၊ ထားဝယ်၊ သရက်ချောင်းနှင့် ပုလောမြို့နယ်တို့၌ မြန်မာစစ်တပ်မှ စစ်အင်အားတိုးချလာမှုကြောင့် KNLA ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲများ ပိုမိုဆက်လက်ပြင်းထန်လာနိုင်ကြောင်း KNU တပ်မဟာ(၄)၏ တာဝန်ရှိသူတစ်ဦးမှပြောသည်။

“စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းမှာ တနင်္သာရီတိုင်းက မြို့နယ်ငါးခုလောက်ကို အင်အားပိုတိုးချလာတယ်။ အဓိက ဒေသခံကာကွယ်ရေးတပ်တွေကို စစ်ကြောင်းထိုးတိုက်ခိုက်ဖို့လို့သိရတယ်။ အဲဒီလို အခြေအနေတွေကြောင့် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်”ဟု ၎င်းမှပြောသည်။

ထိုသို့စစ်အင်အားတိုးချလာမှုကြောင့် မြိတ်-ထားဝယ်-ပုလော ကားမတစ်လျှောက်၌ စစ်ဆေးမှုများ တင်းကြပ်ခဲ့ပြီး ဧပြီလဒုတိယအပတ်တွင်လည်း အနီးအနားကျေးရွာများ၌ မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တနင်္သာရီ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးမှ “မြိတ်တို့ထားဝယ်တို့မှာ ဒေသခံကာကွယ်ရေး တပ်တွေရယ်။ ကေအန်ယူရယ်ပေါ့။ စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲဖြစ်တာ အချိန် ၆ လကျော်လောက်ရှိနေပြီ။ အခုဆို အင်အားတွေထပ်ချလာတဲ့အတွက် လမ်းမတွေတလျှောက်မှာ စစ်ဆေးရေးတွေပိုတင်းကြပ်လာတယ်။ တိုက်ပွဲထပ်ဖြစ်ဖို့ရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့သတိထားပြီး နေကြဖို့လိုအပ်ပါတယ်”ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံတစ်သောင်းခန့်မှာ နီးစပ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

 

ပုံစာ - ပြီးခဲ့သည့်ဧပြီလ ၂၀ ရက် နံနက်အစောပိုင်းတွင် မြိတ်-ထားဝယ်ကားလမ်းမ၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် မော်တော်ယာဉ်တချို့ ခေတ္တစောင့်ဆိုင်းနေရစဉ်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...