ကော့ကရိတ်မြို့နယ် ညမထွက်ရအမိန့်အား အချိန်တိုးကန့်သတ်

ကော့ကရိတ်မြို့နယ် ညမထွက်ရအမိန့်အား အချိန်တိုးကန့်သတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို ညမထွက်ရ အမိန့် ရာဇသတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အား အချိန်တိုး ကန့်သတ်လိုက်ကြောင်း ကော့ကရိတ်ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယခင် ညမထွက်ရ အမိန့်ဖြစ်သည့် ည(၁၀:၀၀)နာရီမှ နံနက် (၄:၀၀) နာရီအတွင်း မထွက်ရဟူသည့် ယခင်အမိန့်အား ပယ်ဖျက်ပြီး ယနေ့ (ဧပြီ ၂၀ ရက်)မှ စတင်ကာ ည(၈:၀၀နာရီမှ နံနက်(၄:၀၀) နာရီ အတွင်း အပြင်မထွက်ရဟူ၍ အချိန်တိုး ထုတ်ပြန်ခဲ့သည်။

ယင်းတို့ ပြုလုပ်ရခြင်းမှာလည်း ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ပဋိပက္ခရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေသည်ဟု ယူဆသည့်အတွက်ကြောင့် သတ်မှတ် နယ်နိမိတ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းများ မပြုလုပ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့နယ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သတ်မှတ်ထားသည့် အရှေ့ဘက်တွင် မြဝတီမြို့နယ်၊ အနောက်ဘက်တွင် ကျိုက်မရောမြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက်တွင် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်အထိ ပါဝင်သည်။

ကော့ကရိတ်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများ၊ ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိသလို၊ မြဝတီ - ကော့ကရိတ်လမ်းမကြီးပေါ်မှာလည်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

ထို့အတူ ဧပြီ ၁၈ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း ခရီးသွားလာခွင့် စည်းကမ်းချက်များကို လိုက်နာရန် ထုတ်ပြန်ခဲ့ပြီး ခရီးသွားလာခွင့်ကို နေ့စဥ် နံနက် ၆  နာရီမှ ည ၇ နာရီအတွင်းသာ သွားလာခွင့် ပြုတော့မည်ဖြစ်ကြောင်း ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...