မွန်ပြည်နယ်အတွင်း အကျဉ်းသား ၉၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

မွန်ပြည်နယ်အတွင်း အကျဉ်းသား ၉၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

မွန်ပြည်နယ်အတွင်းမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၉၆ ဦး လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီလ ၁၇ရက် (နှစ်ဆန်းတစ်ရက်နေ့) မနက်ပိုင်းတွင်  ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

မော်လမြိုင်အကျဉ်း‌ထောင်မှ အကျဉ်းသား ၉ ဦး၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှ ၂ ဦး၊ သထုံအကျဉ်းထောင်မှ ၁၂ ဦး ကို လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ အင်းဗြောင်ကျောက်ထုတ်စခန်းမှ ၆ ဦး၊ ရင်းငြိမ်ကျောက်ထုတ်စခန်းမှ ၈ ဦး၊ ဇင်းကျိုက်ကျောက်ထုတ်စခန်းမှ ၁၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ကျိုက်ထိုမြို့နယ် မုပ္ပလင် ကျောက်ထုတ်စခန်းမှ ၂၅ ဦး နှင့် အင်္ဂဘို ကျောက်ထုတ်စခန်းမှ ၁၇ ဦးတို့ကိုလည်း လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

လက်ရှိတွင် ပြန်လည်လွှတ်မြောက်လာသူများထဲမှာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

နစက ကောင်စီ ဥက္ကဋ္ဌသည် ဧပြီ ၁၇ ရက် (နှစ်ဆန်း တစ်ရက်နေ့) တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၁၅၇၇ ဦးအား လွတ်ငြိမ်းချမ်းသာ ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်သား ၄၂ ဦးကိုလည်း အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...