ကျောက်ဖြူတွင် တစ်ညတည်း၌ ကား(၈)စီး၏မှန်များ ရိုက်ခွဲဖျက်ဆီးခံရ

ကျောက်ဖြူတွင် တစ်ညတည်း၌ ကား(၈)စီး၏မှန်များ ရိုက်ခွဲဖျက်ဆီးခံရ

ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့တွင် ညအိပ်ရပ်နားထားသည့် အိမ်စီးကား (၇)စီးနှင့် လိုင်းဆွဲကား (၁)စီးတို့၏မှန်များ ရိုက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ကားပိုင်ရှင်များထံမှ သိရသည်။

ဧပြီလ ၅ ရက်နေ့ ညအချိန်တွင် ကားမှန်များ ထိုသို့ရိုက်ခွဲခံလိုက်ရခြင်းဖြစ်ကာ ဧပြီလ ၆ ရက်နေ့တွင် မြို့နယ်ရဲစခန်းမှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကားမှန်ရိုက်ခွဲခံရသူတစ်ဦးက “ရိုက်ခွဲခံရတဲ့မှန်တွေက တစ်ချပ်ကို နှစ်သိန်းကျော်ကနေ သုံးသိန်းကျော်ထိရှိတယ်။ သယ်ယူတပ်ဆင်စရိတ်နဲ့ဆို လေးသိန်းဝန်းကျင်ရှိမယ်။ အလကားနေရင်း စော်ကားခံလိုက်ရသလိုပဲ”ဟု ပြောသည်။

ထိုသို့ကားမှန်များရိုက်ခွဲခြင်းမှာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်ဖြစ်ပြီး မြို့၏လုံခြုံမှုကို ခြိမ်းခြောက်နေသောကြောင့် ကျူးလွန်သူများကို သက်ဆိုင်ရာမှ အမြန်ဆုံးဖော်ထုတ်အရေးယူစေလိုသည်ဟု အမည်မဖော်လိုသည့် ကားမှန်ရိုက်ခွဲခံရသူ နောက်တစ်ဦးကပြောသည်။

“ဒါက ရန်းငြိုးရန်စရှိလို့ လုပ်ခံရတာမဟုတ်တော့ဘူး။ လမ်းမှာတွေ့ရာကို ချကွာဆိုတဲ့သဘောနဲ့ သူများပစ္စည်းတွေကို သပ်သပ်မဲ့ ဖျက်လိုဖျက်ဆီးလုပ်သွားတာ။ ဒီကောင်တွေလုပ်ရပ်က မင်းမဲ့စရိုက်ဆန်ပြီး ဥပဒေစိုးမိုးမှုကို တိုက်ရိုက်စိန်ခေါ်သွားတာနဲ့ အတူတူပဲ။ ဒါကြောင့် ဒီကောင်တွေကို အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်”ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန်အတွက် ကျောက်ဖြူမြို့မရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် တုန့်ပြန်ချက် တစ်စုံတစ်ရာမရရှိသေးပါ။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...