မြို့ဝင်ကြေးကောက်ခံမှုကို စည်ပင်အား တိုက်ရိုက်လွှဲထား၍အခက်တွေ့ဟုဆို

မြို့ဝင်ကြေးကောက်ခံမှုကို စည်ပင်အား တိုက်ရိုက်လွှဲထား၍အခက်တွေ့ဟုဆို
by -
မင်းချမ်းညီ/ မွန်သတင်းအေဂျင်စီ
မော်လမြိုင်-မုဒုံမြို့ကြားရှိ ဂိတ်တစ်နေရာ(photo: MNP)
မော်လမြိုင်-မုဒုံမြို့ကြားရှိ ဂိတ်တစ်နေရာ(photo: MNP)
မွန်ပြည်နယ် (၉ ) မြို့နယ်တွင် မြို့ဝင်ကြေးကောက်ခံမှုကို ကုမ္ပဏီများအား လေလံချပေးမည့်အစား သက်ဆိုင်ရာစည်ပင်သာယာရေးဦးစီးဌာနသို့ တိုက်ရိုက်လွှဲပြောင်းပေးထားသည့်အတွက် အခက်အခဲတချို့ရှိနေကြောင်း မွန်ပြည်နယ်စည်ပင်သာသာရေးဦးစီးဌာနမှ သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်၌ မွန်ပြည်နယ် ၁၀ မြိုနယ်အနက် ချောင်းဆုံမြို့တစ်ခုသာ ပုဂ္ဂလိကသို့ လေလံချပေးထားပြီး ကျန်သည့် ၉ မြို့နယ်ကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့အား တိုက်ရိုက်တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

“အရင်က BOT စနစ်အရ ရွှေသံလွင်နဲ့ အေးကိုမိသားစုကို လေလံသဘောမျိုးနဲ့နှစ်စဉ် ပေးထားတယ်။ အခု ကျွန်တော်တို့ ၀န်ထမ်းတွေ နဲ့ကောက်ခံရတာဆိုတော့ ၂၄ နာရီလုံးလုံး အလုပ်လုပ်ရတော့ ပင်ပန်းတာပေါ့။ ၀န်ထမ်းတွေသွားရေးလာရေး၊ နေဖို့ထိုင်ဖို့တော့ အခက်ခဲတွေရှိပါတယ်။ တစ်မြို့နယ်မှာ ဂိတ်တစ်ခု၊ နှစ်ခုလိုက်ဖွင့်ပြီးတော့ မိုးရွာရင်လည်း မိုးရွာသလို၊ နေပူရင်လည်း ပူသလို အခက်ခဲရှိပါတယ်။” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

မြို့ဝင်ကြေးကောက်ခံနှုန်းထားကို ယာဉ်အမျိုးအစားအပေါ်မူတည်ပြီး ၂၀၀၊ ၃၀၀၊ ၅၀၀ ကျပ် စသည်ဖြင့် ယခင်အတိုင်း ကောက်ခံနေသည်ကိုတွေ့ရပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးချသွားမှာဖြစ်ကြောင်းသိရသည်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက “ကောက်ခံရရှိငွေတွေကို မြို့နယ်ဖွံ့ဖြိုးရေးတွေအတွက် သုံးတယ်။ တိုက်ရိုက်တော့ မသုံးဘူး။ သတ်မှတ်ထားတဲ့ငွေစာရင်းမှာသွင်း၊ ဘဏ်မှာသွင်းပြီးမှ အချိုးကျခွဲဝေသုံးပါတယ်။ကျွန်တော်တို့ စည်ပင်ကလုပ်နေတဲ့ လမ်းတွေခင်းတို့ ရုံးကလုပ်နေတာတွေအားလုံးက အဲ့ဒီငွေတွေလည်း ပါတယ်။” ဟု ပြောကြားသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ယမန်နှစ်လေလံအောင်မြင်နှုန်း ငွေကျပ်သိ်န်း ၅၀၀ သာရရှိခဲ့ပြီး လက်ရှိကောက်ခံရရှိထားသည့် မြို့ဝင်ဂိတ်ကြေးစာရင်းအရ ယခုနှစ်တွင် တစ်ရက်တာ ဝင်ငွေ ၈ သိန်း ၅ သောင်းခန့်ဖြစ်သည့်အတွက် တစ်နှစ်တာအတွက် သိန်း ၃၀၆၀ ကောက်ခံရရှိမည်ဟု ခန့်မှန်းထားသည်။

မွန်ပြည်နယ်အတွင်း အဆိုပါမြို့ဝင်ကြေး ဘီးခွန်စတင်ကောက်ခံသည့် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ငွေကျပ်သိန်းပေါင်း ၁၁၃၇ ဒသမ ၂၉၂ ကျပ် ကောက်ခံရရှိထားသည်ဟု သိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...