ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူနိုင်ရဲဇော်က “ကျနော်တို့ ဟောပြောပွဲတွေပြုလုပ်ခဲ့တယ်။ ကျိုက်မရောမြို့မှာ ဆုတောင်းပွဲတွေပြုလုပ်တယ်။ ပြီးတော့ ကော့ဒွန်းကော့ပနော့မှာ ဒီထက်ကြီးမားတဲ့ဆန္ဒပြတွေပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထိရောက်တဲ့တုတ်ပြန်မှု လက်ရှိအချိန်ထိ မရရှိခဲ့ဘူး” ဟု ဆိုသည်။
ကျောက်မီးသွေးသည် Clean Coal မရှိကြောင်း၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေ MCL စက်ရုံလည်ပတ်ရန်အတွက် ကျောက်မီးသွေးအစား တခြားလောင်စာဖြင့် အသုံးပြစေလိုသည်ဟု နိုင်ရဲဇော်ကဆက်ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် (၁) ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ (အလိုမရှိ)၊ (၂) သဘာဝသယံဇာတမပျက်စီးရေး (ဒို့အရေး)၊ (၃) ကျောက်မိုင်းဖောက်ခွဲမှုလျော့ချရေး (ဒို့အရေး)၊ (၄) ရှေးဟောင်း အမွေအနှစ်များ မပျက်စီးရေး (ဒို့အရေး)၊ (၅) မြစ်ချောင်းညစ်ညမ်း ပျက်စီးမှုကာကွယ်ရေး (ဒို့အရေး)၊ (၆) ကျောက်မီးသွေးဆန့်ကျင်ရေး (အောင်ရမည်) စသည့်ကြွေးကြော်သံများ တောင်းဆိုခဲ့သည်ကို တွေ့ရှိရသည်။
ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသ၊ မယ်ဂရိုရွာမှ နိုင်ရွှေဝင်း က “ပထမအကြိမ်တုန်းက ကျောက်မီးသွေးဓါတ် အားပေးစက်ရုံ ကျွန်တော်တို့ဒေသမှာ အလိုမရှိဘူး၊ သယံဇာတမပျက်စီးရေး၊ ကျောက်မိုင်းဖောက် ခွဲမှုလျှော့ ချရေးရယ် ရှေ့ဟောင်းအမွေနှစ်မပျက်စီရေး၊ မြစ်ချောင်းညစ်ညမ်းမှုကာကွယ်ရေးရယ်တောင်းဆိုခဲ့တယ်။ ဒီတောင်းဆိုချက်တွေကို ဘာတခုမှလုပ်ပေးတာမရှိဘူး” ဆိုသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် ပထမအကြိမ်ဆန္ဒဖော်ထုတ်ပွဲအပြီး မွန်ပြည်နယ်လွှတ်တော်သို့ သွားရောက်ညှိနှိုင်းခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိသည့်အတွက် ယခုအခါမော်လမြိုင်မြို့တွင် လာရောက်ဆန္ဒပြရခြင်းဖြစ်ကြောင်း၊ ကျောက်မီးသွေး သုံးစွဲမှုရပ်တန့်ခြင်းမရှိပါက နည်းမျိုးစုံဖြင့် ဆက်လက်ဆန့်ကျင်ဆန္ဒပြသွားမည်ဖြစ်ကြောင်း နိုင်ရွှေဝင်းက ဆက် ပြောသည်။
ကျိုက်မရောမြို့တွင် တံငါးလုပ်ငန်းအဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ ဦးအောင်တင်ဦးက “ငါးဖမ်းရာသီမှာ သဘောင်္ကြီးများလာရင် ပိုက်တွေအချိန်မှီရုပ်သိမ်းရတယ်။ သဘောင်္လွန်မှ ပိုက်ပြန်ချ။ ပိုက်တွေက ချလိုက်ရုပ်သိမ်းလိုက်နဲ့ပဲ အချိန်တွေကုန်ပြီး ငါးတွေမရဘဲ အိမ်ပြန်ရတဲ့ ရက်တွေက အများကြီးရှိခဲ့တယ်” ဟု ဆို သည်။
အထ္တရံဖြစ်တွင် ကျောက်မီးသွေးနှင့် ဘိလပ်မြေများကို သယ်ဆောင်နေသည့် သဘောင်္ကြီးများသွားလာနေမှုကြောင့် နောင်တချိန်တွင် ငါးပုဇွန်များရှာပါးလာခြင်းကို ဖြစ်ပေါ်စေနိုင်သည်ဟု ဦးအောင်တင်ဦးက သုံးသပ်သည်။
မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) လည်ပတ်ရန် လိုအပ်သည့်လျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ်နှင့် စက်ရုံမှစွန့်ပစ်လေပူ Waste Heat Generator (WHG) မှ တဆင့် ၉ မဂ္ဂါဝပ်ကို ထုတ်ယူသုံးစွဲလျက်ရှိသည်။
ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသရှိ ဆရာတော်များနှင့် ဒေသခံ ၈၀၀ ဝန်းကျင်က ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၆ ရက်နေ့တွင် ‘ကျောက်မီးသွေးအန္တရာယ်ကင်းစင်ရေး’ ဆုတောင်းပွဲကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကျိုက်မရောဘုရားကြီးတွင် ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပထမအကြိမ် ကျောက်မီးသွေး ကန့်ကွက်ဆန္ဒပြမှုကို ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသ၊ ကော့ပနောကျေးရွာရှိ လယ်ကွင်းတွင် ဒေသခံ ၂၅၀၀ ကျော်ကဆန္ဒဖော်ခဲ့ပြီး ဖြစ်သည်။







